-- 29 --

731 94 58
                                    

#Zawgyi

ကင်ဆော့ဂျင်တို့ဆေးရုံမှာပျင်းရိစွာနဲ့အချိန်ဖြုန်း
နေခဲ့တာအခုဆို ၁ရက်​ရှိနေပြီ မ​နေ့နေ့လည်က
ဒေါက်တာလေးရယ်သူ့အာပါးရယ် လူကြီးရယ်လာတာကလွဲပြီးကျန်တာ​တေရောက်မလာကြ သူ့ကိုကြီးကလည်းညစာလာပို့ပေးပြီး
ခဏပဲနေကာပြန်သွားပြီး မနက်ကြပြန်​တော့
အတွင်း​ရေးမှူးက​နေတဆင့်သူစား​လေ့ရှိတာ​တေပို့
ပေးပြီးဖုန်းဆက်လာ၏ နားလည်ပါတယ်ကိုကြီးလို
ကုမ္ပဏီဦးဆောင်နေရတဲ့လူကဘယ်လောက်တောင်
အလုပ်များလဲဆိုတာ....

နားမလည်တာကလေ ၁၀၉၁၁၀ထပ်တောင်အားယား
နေတဲ့စောက်သူတောင်းစားလေးတေက
ဘာလို့ရောက်မလာတာလဲကိုကြီးပြောတော့အကုန်လုံးကိုစခန်းကထုတ်
ပြီးလို့ကိစ္စတေရှင်းပြီးပြီဘာမှမဖြစ်ဘူးဆိုတာကို
ဟိုလဒတေကဘာလို့ရောက်မလာတာလဲ
ဖုန်း​လေးတစ်​ကော​တောင်ဆက်​ဖော်မရ
ဒီကောင်တေသူ့ကိုပလစ်ထားတာ စောက်ကျင့်တေက
တစ်စက်မှကိုမကောင်း ဆေးရုံဆင်းတာနဲ့
တစ်အိမ်တက်တစ်အိမ်ဆင်း ပြီးအကုန်သူငယ်ချင်း
စာရင်းကနေသေခန်းပြတ်ပစ်ရမယ်ကျက်သတုန်း
တေဖာခ့်ခ်ခ်ယူယူ........

" သားကြီးရေ "

" ငါ့ကောင်ကြီးပျင်းနေပြီလား  "

ပို့သတဲ့မေတ္တာတေကြောင့်ထင်ပ အုပ်လိုက်ကြီး
ဆေးရုံခန်းထဲဖြုန်းဒိုင်းဝင်ချလာတာ​ကြောင့်
ကုတင်ပေါ်ကကင်ဆော့ဂျင်ကြောင်​သွားရသည်
အဟမ်းစောနကပြောသွားတာတေအကုန်ရုတ်သိမ်းတယ် ကြည့်ရတာသူ့ဦးနှောက်ကခဏအဟက်ခံလိုက်ရပုံပဲ.....

" သြော်...ပေါ်တော့လာသေးသားနော် "

" ဟဲဟဲ..."

ဆော့ဂျင် အလျှိုလျှိုဝင်လာကြတဲ့ကောင်တေလိုက်
ကြည့်တော့အကုန်လုံးကလက်ဗလာတေနဲ့...ဆေးရုံလာပြီးလူနာလာတွေ့ရင်သစ်သီးခြင်းတေမုန့်ခြင်း
ကြီးတေတကားကားနဲ့လာရမှာကိုဒင်းတို့တေနားမ
လည်ဘူးလား???ဒရမ်မာကြည့်ဖို့လိုနေပြီ....

" ဘယ်မလဲ မုန့်ခြင်းတေ? "

" မပါဘူး... "

" မင်းတို့တေ..ဟမ်..အခြေခံလေးတောင်မသိဘူးလား
ကိုယ့်သူငယ်ချင်းကဆေးရုံတက်နေရတဲ့ဟာ "

Dear Uncle Joon Where stories live. Discover now