-- 6 --

747 105 48
                                    

#Zawgyi


ကြည်သာရွှင်လန်းနေတဲ့ စနေနေ့ရဲ့နေ့ရက်မှာတော့
ကင်ဆော့ဂျင်တို့ စောစောစီးစီး အိပ်ရာကထလာပါတယ်
အရင်လိုဆိုရင်တော့ နေဖင်ထိုးလို့ပါးစပ်ကပြန်ထွက်ရင်
တောင်ကင်ဆော့ဂျင်တို့မထ​ပေမဲ့ အခုတလောတစ်စုံတစ်
ယောက်ကြောင့်အစောထရင်းကနေအကျင့်ပါနေပြီ

မနက်၁၀နာရီ ကိုအိပ်ရာယာထမျက်နှာသစ်ပြီး တွေ့ရာဟူဒီ
နဲ့ဘောင်းဘီကိုကောက်စွတ်လို့ဆံပင်ဘုတ်သိုက်နဲ့ပဲ
ထွက်လာလည်းကင်ဆော့ဂျင်တို့ကချောပြီးသား
တချို့တချို့တေလိုမဟုတ်ဘူး!

မနက်စာစားဖို့အတွက် အပေါ်ထပ်ကနေဆင်းလာပေမဲ့
ဧည့်ခန်းထဲမှာ ကော်ဖီခွက်လေးကိုင်ပြီး သတင်းစာဖတ်နေ
တဲ့ကိုကြီးနဲ့တိုးပါတယ် ထမင်းစားခန်းထဲလှမ်းကြည့်တော့
ချစ်ကြည်နူးတစ်တီတူးနေပါသောမယ်တော်နဲ့ဖခမည်းတော်
အလုပ်ကိစ္စနဲ့overseaထွက်သွားတဲ့ သူ့ရဲ့ဦးကို
မတွေ့ရတာကြာလို့ညစ်နေရတဲ့အထဲ ဒီလိုမြင်ကွင်းတေကို
ဆော့ဂျင်မမြင်နိုင်မခံစားနိုင်

ကိုကြီးအားနှုတ်ဆက်ပြီး စကိတ်ဆွဲကာအပြင်ပဲထွက်လာ
လိုက်တော့၏ သူတို့အိမ်နဲ့နောက်နှစ်လမ်းကျော်မှာ
ပန်းခြံအသေးလေးနဲ့ကလေးတေကစားဖို့ကစားကွင်းသေး
လေးရှိပြီး နောက်စကိတ်ကွင်းတေနဲ့ဘတ်စကတ်ဘော
ကွင်းတေပါရှိသည် ပိတ်ရက်လည်းဖြစ်တာကြောင့်
ကစားကွင်စထဲဆော့နေတဲ့ကလေးတေလည်းရှိပြီး စကိတ်
ကွင်းတေဘက်မှာလည်းသူ့ဟာနဲ့သူလူအပြည့်ပင်

ပန်းခြံကိုတစ်ပတ်ပတ်စီးပြီးနောက် ဆော့ဂျင်ခုံတန်းလေးမှာ
ဝင်ထိုင်ပြီးဖုန်းထုတ်ကာဂရုချက်ထဲစာပို့ပေမဲ့ တစ်ကောင်မှ
စာမပြန် မွေးကတည်းကအကျင့်ယုတ်လာသူပီပီ
တစ်ယောက်ချင်းစီကိုဖုန်းခေါ်ပြီးနိုးကာ စကိတ်ကွင်းလာခဲ့ဖို့မှာပြီးစောင့်နေလိုက်သည် ဖုန်းဆက်ပြီးဘီလူးဆိုင်းတီးပြထားပေမဲ့နောက်၁နာရီလောက်စောင့်ရအုံးမှာမှန်းသိလို့
အိတ်ထဲကlollipop ထုတ်ပါးစပ်ထဲထည့်ပြီး ဂိမ်းဆော့
နေလိုက်သည်

အသေအကြေတိုက်ပွဲဝင်နေတုန်း မျက်စိရှေ့ကိုရောက်လာ
တဲ့ပန်းရောင်ရှူးဖိနပ်လေးကြောင့်ဆော့ဂျင်မျက်လုံးပင့်
ကြည့်လိုက်တော့ ၅နှစ်အရွယ်
မျက်လုံးဝိုင်းဝိုင်းလေးနဲ့ကလေးမလေး
တစ်ယောက် သူ့ကိုမြင်တော့ရယ်ပြလာကာ

Dear Uncle Joon Where stories live. Discover now