-- 33 --

714 85 22
                                    

# Zawgyi

" မချစ်ဘူး ဦးကကျွန်တော့်ကို မချစ်ပါဘူး
နည်းနည်းလေးမှကို မချစ်တာ "

ရုံးခန်းထဲလာပြီး ဆိုဖာလက်တင်ပေါ်
မျက်နှာတစ်ခြမ်းအပ်လို့ ပျင်းတိပျင်းရွဲထိုင်နေပြီး
ဂျစ်တိုက်နေပါသော ပေါက်စကြောင့်
NamJoon ကြည့်လက်စလုပ်ငန်းစာရွက်အားချကာ
ကောက်နေသော ကလေးဆိုးလေးကို
ချော့ရပြန်၏...

" ဘာလို့ Babyကို့ ကိုယ်မချစ်ဘူးလို့ထင်တာလဲ
ချစ်လို့တောင် မဝတာကွာ "

" အပိုတေ ခင်များကြီး ကျုပ်ကိုမချစ်ပါဘူး
ခင်များ ချစ်တာဆိုလို့ အလုပ်နဲ့ငွေပဲ
တနေ့တနေ့ အလုပ်တေပဲဇွတ်လုပ်ပြီး ပိုက်ဆံတေ
ကြည့်ပဲရှာနေတာ ချစ်သူလေးတစ်ယောက်
ရှိပါတယ် Dateဖို့မပြောနဲ့ မျက်နှာလေးတောင်
ကောင်းကောင်းမတွေ့ရ ခရီးတေပဲပတ်ထွက်နေ
Ph လည်းကောင်းကောင်းမပြောရ message
ဆိုဝေလာဝေး "

ချစ်သူဖြစ်နေတဲ့လက်ရှိသက်တမ်းမှာ
Business trip ၂ခါပဲသွားရသေးတာမို့
ဥက္ကဌကြီးတို့မျက်ခုံးတေပင့်သွားရသည်...
ခရီးသွားတဲ့အပေါ် ရစ်ကြောလှည့်လာတဲ့
ပလီပလာ ပလာတာလေးအားKimNamJoon
တို့အသဲတယားယားနဲ မနာအောင်ခေါင်းလေး
ခေါက်ပစ်ချင်လာပြီ သူခရီးသွားနေတဲ့အတော
အတွင်း ဘာတေလုပ်ခဲ့သလဲဆိုတာ
အထူးတလည်ပြောမနေချင်တော့ပါဘူး
တော်ကြာ ကလေးနဲ့ပြိုင်ငြင်းတယ်တေ
ဖြစ်ကုန်လိမ့်မယ်.....

" ကိုယ်ရှာသမျှက Babyအတွက်ပဲလေ "

" မလိုချင်ပါဘူး ပိုက်ဆံတေကျုပ်မှာလည်း
ပေါတယ် သုံးမကုန်လို့တောင် စိတ်ညစ်နေတာ
ဘာလဲ..ခင်များကြီးဘီလျှံနာဆိုပြီး လူကိုငွေနဲ့
ပစ်ပေါက်ချင်နေတာလား ကျုပ်အိမ်လည်း
ချမ်းသာတယ် ကျုပ်လည်းချမ်းသာတယ် ဟွန့်"

သြော်...သြော်...သုံးမကုန်လို့စိတ်ညစ်နေတယ်တဲ့
ကျုပ်လည်းချမ်းသာတယ် တဲ့...ထိုစကားကို
အကြွေးရှင် ကိုဂျောင်ချစ်တီး ကြားရင်
သွေးတက်မဲ့ဖြစ်ခြင်း လောင်းကြေးရှုံးထားတဲ့
ပြိုင်ကားနဲ့ ဖဲရှုံးလို့တင်ထားတဲ့အကြွေး
သန်း၃ထောင်ကိုမပေးတာ အခုဆို ၄လလောက်
ရှိရောပေါ့ ချမ်းသာတဲ့လူကမထင်ရဘူး
ကပ်စေးနဲကော်တရာအကြီးစားကြီးဖြစ်နေတယ်...

Dear Uncle Joon Where stories live. Discover now