01

1.1K 78 18
                                    

unicode •

" လမ်းခွဲရအောင် ငါတို့ "

ယိုင်လဲဟန်ပါလာသည့်ခြေလှမ်းများကို လမ်းမထက်
က မေပယ်တို့က ဆီးကြိုနေသယောင်။ ညဉ့်ဦးယံ၏
အလှတရားကြားမှာ ကောင်လေးနှစ်ဦး၏စကားဝိုင်းမှာ
တော့ လှမနေခဲ့။ ပျက်စီးခြင်းဆီ ဦးတည်လာသော
ဆက်ဆံရေးအတွက် မျက်ရည်ကျရုံမှလွဲ၍ ဘာကိုမျှ
တတ်နိုင်ခြင်းမရှိ။ စွန့်လွှတ်ချိန်တန်လျှင်  စွန့်လွှတ်လိုက်
ရုံသာ မဟုတ်ပါလား။

ဝေ့တက်လာတဲ့ ဆောင်းဦးလေအေးကြောင့်
အိမ်တွေဆီ ပြေးဝင်ကုန်တဲ့ သူတွေကိုငေးရင်းရယ်မိ
သေးတယ်။ အဝါရောင်ငယ်ရဲ့ နှလုံးသားလောက်
အေးစက်တာ ဒီလောကမှာထပ်ရှိနိုင်ပါဦးမလား။

• • • • • •
၂၀၂၀ ခုနှစ်၊ အောက်တိုဘာ။

" New York မှာ နှစ်အတော်ကြာအောင်
မော်ဒယ်လ်လုပ်နေခဲ့ပြီးမှ ဆက်ခံသူနေရာကို
ပြန်ဝင်ခဲ့တဲ့ အကြောင်းအရင်းက ဘာများလဲ "

" ဒီအတိုင်း ဝင်ချင်လို့ "

ယတိပြတ်အဖြေကို သဲ့သဲ့ရယ်ကာ အိင်္ကျီကြယ်သီး
တစ်လုံးဖြုတ်ချလိုက်သည့် သတင်းထောက်မလေးကို
Jimin စိတ်ပင်ပန်းစွာသာ ကြည့်နေမိသည်။

" New York မှာဖြေခဲ့ဖူးတဲ့ အင်တာဗျူးတွေအရ
အစောပိုင်းမှာ စီးပွားရေးနဲ့ပတ်သတ်ပြီး စိတ်မဝင်
စားဘူးလို့ ပြောခဲ့တယ်နော် ရုတ်တရကကြီး စိတ်
ပြောင်းသွားရတာ ဘာကြောင့်များလဲ "

" အဓိက က အဖေမရှိလို့လေ "

သူ၏အဖြေကို နားမလည်သည့်ဟန် ကြောင်ငေးနေ
သည့် သတင်းထောက်မလေးမှာ ဖြူစင်သည့်ဟန်
အပြည့်‌ပါသော်ငြား တမင်ပစ်ချပေးထားသော
ကြမ်းပြင်ထက်က ဖုန်းနံပါတ်စာရွက်မှာတော့ ထို
မိန်းကလေး၏ တစ်ဖက်ခြမ်းကို ပုံဖော်နေသယောင်။

" အဘွားဆေးရုံတင်ရတော့ အဖေဟိုကိုပြန်သွားတယ်
အဖေမရှိရင် ဒီမှာ ကျွန်တော်အကြီးဆုံးဆိုတော့
စိတ်မဝင်စားလည်း လုပ်ပျော်တယ်လေ ဒါပါပဲ "

ထိုသို့ရှင်းပြသည့်တိုင်အောင် ကျေနပ်ပုံမပေါ်
သေးသော သတငါးထောက်မိန်းကလေးကြောင့်
Jimin စိတ်ကို အရှည်ဆုံးဆွဲဆန့်ထားရသည်။

ʟᴇᴛ's ɴᴏᴛ ғᴀʟʟ ɪɴ ʟᴏᴠᴇ ᴀɢᴀɪɴ||𝚈𝙼Where stories live. Discover now