07

191 33 13
                                    

unicode •

" ဒီမှာ ရော့ မင်းမှာထားတာ "

ခန်းမအတွင်း ဂနာမငြိမ်ဖြစ်နေသူဆီသို့
အပြေးလာကာ ကမ်းပေးလိုက်တော့ ခေတ္တ
စိတ်တိုင်းကျသွားသည့်ဟန်။

" တအား အလုပ်ပေးတဲ့ကောင် ပန်းစည်းဆို
တော်ရောပေါ့ နေကြာပန်းစည်းမှပဲ ရှိရသေး
ငါ့မှာ တစ်မြို့လုံးပတ်ရှာလာရတယ် "

Namjoon က ရွှတ်နောက်နောက်နှင့် မကျေမနပ်
ပြောနေသော်ငြား တစ်ယောက်သောသူကတော့
စိတ်ကွက်ခြင်း အလျင်းမရှိ။

" သူက နေကြာပန်းပဲကြိုက်တာကွ "

နေကြာပန်းပွင့်တွေ ဝေဆာနေသည့်
ပန်းစည်းကို ပြုံးကာငေးကြည့်ရင်း တစ်ချက်
မွှေးရှုံ့လိုက်သေးသည်။ မကြာမီအချိန်အတွင်း
ပိုင်ရှင်ဖြစ်သူဆီ ကမ်းပေးရတော့မည့်
အရေးကို ရင်ထဲဝုန်းဒိုင်းကျဲလွန်းနေပြီ။ ယနေ့မှ
အချိန်တွေဟာသိပ်ကြန့်ကြာနေသလိုပါပဲလား။

" ဟိုမှာ လာပါပြီ ကျေးဇူးရှင်လေး "

Namjoon ညွှန်ပြရာဆီ အပြေးမော့ကြည့်မိတော့
ကျော့မော့ကာပင် လှမ်းဝင်လာသည့် ကောင်လေး
မှာ လူအုပ်ကြား အထင်းသားဖြစ်နေသည်။  မီးခိုး
ရောင် အနောင်တိုင်းဝတ်စုံနှင့် ဆံသားတွေကို ပုံကျ
အောင် ဖီးသပ်ထားသည်။ အထက်တန်းကျောင်းသား
အရွယ် အဝါရောင်ဆွယ်တာနှင့် သူဟာ အနောက်
တိုင်းဝတ်စုံအပြည့်ဖြင့် စီးပွားရေးလုပ်ငန်းရှင်
တစ်ဦးပင် ဖြစ်လို့နေလေပြီ။ ထိုအချိန်ကာလတွေ
အတွင်း မည်သို့မည်ဖုံမည်မျှ ချစ်မြတ်နိုးခဲ့ကြောင်းကို
ယနေ့ဖွင့်ချတိုင်တည်ရမည်။ ချစ်ကြောင်းတွေ
ချစ်သောသိမြင်နိုင်ပါစေဟူ၍သာ။

" ယခုအချိန်မှစပြီး The King Fashion နဲ့
LUXURIOUS  ကုန်တိုက်လုပ်ငန်းစု ပူပေါင်း
ထုတ်လုပ်မှု အောင်မြင်ခြင်း ဂုဏ်ပြုညစာစားပွဲ
အခမ်းအနားကို စတင်ပြီပဲဖြစ်ပါတယ် "

အကျအနတင်ဆက်နေသူ Seokjin မှာတော့
ပွဲအခမ်းအနားထက် သူငယ်ချင်း၏ ဖွင့်ပြောမည့်
အမှုကို ပို၍စိတ်ဝင်စားနေဟန် ခပ်ပြုံးပြုံးဖြင့်။

အခမ်းအနားစတင်ကြောင်း ကြေညာချက်
အပြီးမှာ အုပ်စုလိုက်သော ဝန်ထမ်းများ
စားကြသောက်ကြမိတ်ဖွဲ့ကြဖြင့် အလွန့်အလွန်
စည်ကားနေလေတော့သည်။ တလောကလုံးကို
ဘေးချိတ်ကာ စားပွဲတစ်ဝိုင်းတည်း မျက်နှာချင်း
ဆိုင်ထိုင်သူနှစ်ဦးမှာတော့ ဆိတ်ငြိမ်ခြင်းအတိ။

ʟᴇᴛ's ɴᴏᴛ ғᴀʟʟ ɪɴ ʟᴏᴠᴇ ᴀɢᴀɪɴ||𝚈𝙼Where stories live. Discover now