02

319 55 11
                                    

unicode •

" မတွေ့ရတာ ကြာပြီနော် "

အနားကပ်နှုတ်ဆက်လာသည့် သူကို မျက်လုံး
တစ်ချက်ပင့်ကြည့်ကာ ဝစ္စကီကိုဆက်မော့
နေပြန်သည့် အရိုင်းတုံးလေး၏ ခံစားချက်မဲ့
မျက်ဝန်းများမှာ လွန်ခဲ့သည့် နှစ်များနည်းတူ။

" ၇နှစ်လောက်များလား အထက်တန်းပြီး
ကတည်းကဆိုရင်... "

" မင်းနဲ့ငါက ဒီလိုနှုတ်ဆက်ရမယ့် ဆက်ဆံရေး
မဟုတ်ဘူး ထင်တယ် "

Yoongi စိတ်မထိန်းနိုင်ဘဲ အနည်းငယ် ပြုံးမိ
သွားသည်။ စောန ကသာ Kim Namjoon နှင့်
လောင်းလိုက်ရင် ကောင်းသား။ သူထင်သလို
တကယ့်မပြောင်းမလဲ အရိုင်းတုံးလေးပင်။

" မင်း သောက်တာများနေပြီ "

ဝစ္စကီခွက်ကို ကိုင်ကာ နှုတ်ခမ်းဆီ တေ့လှမ်း
နေသည့်လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်တော့
မျက်ဝန်းနက်နက်များက သူ့ထံပုံကျလာသည်။
စေ့စေ့စိုက်ကြည့်နေသည့်တိုင် ဘာကိုပြောချင်နေသလဲ
မသိအောင် ခံစားချက်မဲ့နေဆဲ။အရင်လို သူဟာ
နားလည်ရခက်နေဆဲ။

" ခွမ်း "

ဖန်ခွက်ပတ်လည်ကို ဆုပ်ထားသည့် လက်ချောင်း
များကိုပြေလျော့စေသည့်နောက်၌ ကြမ်းပြင်ထက်
ကြေကွဲပျက်စီးရသူမှာ ဖန်ခွက်ငယ်လေးရယ်သာ။
ပါတီတက်ရောက်သူအားလုံး၏ အာရုံမှာ သူတို့နှစ်ဦးဆီ
ကျရောက်လာလေပြီ။

နားလည်ရခက်စွာသာ ရပ်နေမိသော yoongi
တစ်ယောက် jimin ထွက်ခွါသွားသည်ကိုပင်
ငေးကြာင်ကြည့်နေမိသည်။ ခြေလှမ်းသွက်များခြံရံကာ
ပါတီခမ်းမအတွင်းမှ ထွက်ခွါသွားလေသော
ကောင်လေးငယ်၏ နောက်ကျောရံမှာ ခံစားချက်များစွာ
စုယူသိမ်းပိုက်ထားသယောင် လေးပင်လို့နေသည်။

" မင်း တကယ်မပြောင်းလဲဘူးပဲ Park Jimin "

• • • • • •

ညဉ့်နက်အမှောင်ဆီ ကူးပြောင်းလာသည့် မြို့ပြ
လမ်းမကျယ်မှာ တရိပ်ရိပ် တိတ်ဆိတ်လို့လာလေပြီ။
အရှိန်ကုန် တင်မောင်းလာသည့် ကားတစ်စီးမှလွဲ၍။

" A/2100  လမ်းဘေးချရပ်‌ပေးပါ
A/2100  လမ်းဘေးချရပ်‌ပေးပါ 
ခရိုင်ယဉ်ထိန်းတပ်ဖွဲ့က အရှိန်လွန်မောင်းနှင်မှုနဲ့
ထိန်းသိမ်းစစ်ဆေးရပါမယ် A/2100 "

ʟᴇᴛ's ɴᴏᴛ ғᴀʟʟ ɪɴ ʟᴏᴠᴇ ᴀɢᴀɪɴ||𝚈𝙼Where stories live. Discover now