11

275 22 6
                                    

unicode •

" အဟမ်း "

ယွန်းဂီ မကြားတကြားချောင်းတစ်ချက် ဟန့်လိုက်
သည့်တိုင် ကြားစေချင်သူက မကြား။ အရိပ်အကဲပဲ
မသိလေသလား တမင် မကြားချင်ယောင်ဆောင်
နေသည်လား။ ထိုမြေခွေးပေါက်လေးက တတ်လည်း
တတ်နိုင်လွန်းပါသည်။

" မင်းကိုပြောနေတာ "

ဒဲ့တိုးပြောမှ သူ့ဆီအလှည့်ကျလာသည့်
မျက်ဝန်းတိမ်တွေ။ နှုတ်ခမ်းစုံကြားက လွင့်ထွက်သွား
သည့် စီးကရက်ငွေ့များနှင့် ရီဝေဝေမျက်ဝန်းတစ်စုံဟာ
တစ်စုံတစ်ဦး၏ သေခြင်းရှင်ခြင်းကိုတောင်
ချုပ်ကိုင်နိုင်လောက်သည်အထိ။

" အဲကွန်းဖွင့်ထားရင် ဆေးလိပ်မသောက်နဲ့လေကွာ "

ပြောရုံနှင့် နားထောင်ကာ ဆေးလိပ်မီးသတ်
လိုက်ခြင်းကို ကျေးဇူးတင်ရမည်ထင်၏။ တစ်ခါ
တစ်ရံကျပြန်တော့လည်း ခပ်ဆိုးဆိုး ကောင်လေး
ငယ်ဟာ လိမ္မာနေတတ်ပြန်သေးသည်လေ။

" မင်းနဲ့ပတ်သက်ခဲ့တဲ့ ၁၀နှစ်ကျော်အတွင်း
ပထမဆုံး ငါ့စကားနားထောင်ခဲ့တာပဲထင်တယ် "

ခပ်သဲ့သဲ့ ခနဲ့လိုက်တော့ ကောင်လေး၏
မျက်ဝန်းတွေက မကျေနပ်သလိုလိုဟန်ဖြင့်။

" သူများရုံးခန်းထဲ မိန့်မိန့်ကြီးထိုင်ပြီး လုပ်ချင်တာ
လုပ်လောက်တဲ့အထိ ငါမရိုင်းသေးဘူး "

ရန်တွေ့သလိုလိုနှင့် ပြောလာပြန်တော့ Yoongi
မထိန်းနိုင်ဘဲ ရယ်လိုက်မိသည်။ ထိပ်တန်း
လုပ်ငန်းရှင်နှစ်ဦး၏ စကားဝိုင်းမှာ ရန်ထောင်
ရန်တွေ့ဟန်များနှင့် တန်ဆာ‌ဆင်ပါမည်ဟု
မည်သူက တွေးမိပါမည်နည်း။

" ဥက္ကဌ‌ရောက်လာပါပြီ "

အတွင်းရေးမှူးမလေးမှာ ရေးကြီးသုပ်ပြာနှင့်
လာအသိပေးကာမှ နှစ်ယောက်သား စကားဝိုင်း
ပျက်ကာ အသင့်နေရာယူရသည်။ ရင်းနှီးမြုပ်နှံမည့်
လုပ်ငန်းရှင်တစ်ဦးက နှစ်ယောက်လုံးနှင့် ဆုံတွေ့
ချင်ပါသည်ဟု ချိန်းဆိုထားရာကြောင့် ယနေ့
ယခုချိန်၌ Jimin ထိုရုံးခန်းထဲ ထိုင်နေခြင်းဖြစ်သည်။

" တွေ့ရတာဝမ်းသာပါတယ် "

" ကြိုဆိုပါတယ် ဥက္ကဌကြီး "

You've reached the end of published parts.

⏰ Last updated: Jul 19, 2022 ⏰

Add this story to your Library to get notified about new parts!

ʟᴇᴛ's ɴᴏᴛ ғᴀʟʟ ɪɴ ʟᴏᴠᴇ ᴀɢᴀɪɴ||𝚈𝙼Where stories live. Discover now