10

255 28 3
                                    

unicode •

" ‌အကျိုးအမြတ်က ဘယ်လောက်ရမှာလဲ "

ဆိုဖာခုံပေါ်နောက်မှီချကာ ချေချိတ်ထိုင်ရင်း
Yoongi ဆီသို့ မေးခွန်းထုတ်သည်။ ယနေ့တော့
ထူးခြားဖြစ်စဉ်အခြေအနေရှိနေ၍ Yoongiတို့၏
ရုံးသို့ မလာစဖူး ကိုယ်တိုင်ရောက်လာရသည်။

အကြောင်းကား အခြားရယ်လို့မဟုတ်။
ထိပ်တန်းလုပ်ငန်းစုတစ်ခုမှ နှစ်ပတ်လည်
အခမ်းအနားတက်ရောက်ရန် ဖိတ်ကြား
လာသည့်ကိစ္စ။ ဖိတ်ကြားမှုကသာမန်ဆိုသည့်တိုင်
" Park Jimin နှင့် Min Yoongi "  ဟူ၍ နှစ်ဦး
အမည်တပ် ဖိတ်စာတစ်စောင်ကမ်းလိုက်ခြင်း
ကတော့ သာမန်မဟုတ်။ တစ်စတစ်စ တိုးတက်
ကြီးပွားလာမည့် သူတို့၏မိတ်ဖက်လုပ်ငန်း၌
ဝင်ရောက်မြုပ်နှံရန် အကဲခတ်စစ်ဆေးနေခြင်း
ဆိုသည်ကိုကောင်းကောင်းသဘောပေါက်ထား
သည်။ လုပ်ငန်းရှင်ပီပီသူတို့နှစ်ဦး၏ ဆက်ဆံရေး
အစစ်မှန်ဟုတ်မဟုတ်ကို စေ့စေ့‌ပေါက်ပေါက်
အတည်ပြုရန် စစ်မြေပြင်သို့ဖိတ်ခေါ်လိုက်ခြင်းသာ။

" လက်ရှိလုပ်ငန်းတွေရဲ့ ၇၅ရာခိုင်နှုန်းလောက်
ထပ်ပြီးတိုးချဲ့နိုင်မယ် "

ပရော်ဂျက်တာပေါ်မှ ဇယားကွက်ကိုတွက်ချက်ကာ
အဖြေပြန်ပြေးလေတော့ ကောင်လေးက အသာပြုံး
ပြန်သည်။

" သူတို့လုပ်ငန်းစုက ထောက်ပံ့မှုနဲ့ အင်္ဂလန်မှာ
ဘွဲ့ယူထားတဲ့သတင်းထောက်ဂင်၊ သူက အန္တရာယ်
အများဆုံးပဲ အနုပညာရှင် စုံတွဲတော်တော်များများ
လည်း သူဖော်ထုတ်ထားတာတွေရှိတယ် "

ပရော်ဂျက်တာမှ စာမျက်နှာပြောင်းကာ
သတင်းထောက်ဂင်၏ အချက်အလက်အစုံကို
လေ့လာရင်း Yoongi သတိပေးနေသော်လည်း
ကောင်လေးမှာတော့ သိပ်မထိတ်သည့်ဟန်။

" သေချာလေး သရုပ်ဆောင်ပြရုံပေါ့ "

အထက်တန်းကျောင်းခန်းထဲမှ အဝါရောင်
လေးဟာ အမှတ်စာရင်းတွေကို သိပ်မက်မော
ခဲ့ဖူးသည်။ ယခုအခါမှာလည်း ထိုအဝါရောင်
လေးကပင် လုပ်ငန်းအမြတ်ငွေတွေကို
မက်မောနေပြန်၏။ ထိုတပ်မက်မှုလောဘ
မှန်သမျှဟာ သူ့အလိုမဟုတ်သည့်အကြောင်း
မည်သူမျှသိလိမ့်မည်မထင်။ သူကိုယ်တိုင်
ကရော ဘာကိုများ ရှာဖွေမက်မောနေလိမ့်မလဲ။
ဘာကိုများ ရင်ထဲကလှိုက်လှဲသည်အတိ
လိုချင်တောင်းတနေမလဲ။ မည်သူမျှမသိ။
ကောင်လေးငယ်ကိုယ်တိုင်လည်း မသိ။

ʟᴇᴛ's ɴᴏᴛ ғᴀʟʟ ɪɴ ʟᴏᴠᴇ ᴀɢᴀɪɴ||𝚈𝙼Where stories live. Discover now