Description

320 31 5
                                    

Unicode

ဂျုံအင် သူ့အသက် ၁၂ နှစ်မှာ ငယ်ငယ်ကတည်းက လည်ပင်းဖက်ပေါင်းလာခဲ့တဲ့ သူငယ်ချင်းတွေရယ် ၊ အမှတ်တရတွေရယ်ကို ထားခဲ့ပြီးတော့ အံ့ဩဖွယ်ကောင်းတဲ့ ဆိုးလ်ကိုပြောင်းလာခဲ့ရတယ်။

ဆိုးလ်ကိုပြောင်းလာရလို့ ဂျစ်တိုက်နေတဲ့ JongIn က တစ်နေ့တော့ စက်ဘီးစီးထွက်ရင်းနဲ့ ခွေးလေးတစ်ကောင်ကို တိုက်မိတော့တယ်။

သူ့ရဲ့လက်ဖဝါးတွေထက် အနည်းသာကြီးတဲ့ ဖြူဖြူဖွေးဖွေးခွေးလေးကို ဂျုံအင် အံ့ဩစွာနဲ့ သေချာကြည့်နေရင်းကနေ နာသွားပုံရတဲ့ ခွေးလေးကို သူလက်ဖဝါးနှစ်ဖက်နဲ့ ကိုင်ယူကာ အမွှေးလေးတွေကို ဖွဖွလေးပွတ်သပ်ပေးလိုက်တယ်။

"မင်းသူခိုး ... ငါ့ခွေးကိုခိုးတယ် "

သူတစ်ပါးပစ္စည်းတွေကို စိတ်ကူးလေးနဲ့တောင် မပြစ်မှားခဲ့တဲ့ဖူးတဲ့ ဂျုံအင်ဟာ အသက် ၁၂ နှစ်အရွယ်မှာ စပြီးတော့ သူခိုးလို့ စွပ်စွဲခံခဲ့ရတော့တယ်။

💐

ဆိုးသွမ်းလွန်းတဲ့ ဂျောင်ဆူးဟာ လပတ်စာမေးပွဲမှာ သင်္ချာကျတဲ့အတွက် တစ်လတိတိမုန့်ဖိုးဖြတ်ခံရတယ်။
ဂျောင်ဆူးရဲ့ မိဘတွေက စည်းကမ်းကြီးတဲ့သူဖြစ်တဲ့အတွက် သူဘယ်လိုတောင်းပန်ပန် မုန့်ဖိုးမပေးခဲ့ပါ။

အသက် ၁၇ နှစ်ပြည့်ဖို့ တစ်လသာလိုတော့တဲ့ ဂျောင်ဆူးဟာ မုန့်ဖိုးမရတဲ့အတွက် ဘာမှလုပ်လို့မရတာကြောင့် စတိုခန်းထဲထည့်ထားတဲ့ သူ့အဖေအကြိုက်ဆုံးဖြစ်တဲ့ ပန်းအိုးကို ခိုးယူကာရောင်းခဲ့သည်ပင်။

နောက်ဆုံးတော့ သူမျှော်လင့်စောင့်စားရတဲ့ သူ့မွေးနေ့ကိုရောက်လာခဲ့ပြီပင်။ နှစ်စဉ်နှစ်တိုင်း အဖေနဲ့အမေက သူကြိုက်တဲ့ အရာတွေကို မွေးနေ့လက်ဆောင်အဖြစ်ပေးတာလေ့ရှိတာကြောင့် ဒီနှစ်ဘာလက်ဆောင်ရမလဲဆိုတာကို ဂျောင်ဆူးရင်ခုန်နေမိသည်။
မွေးနေ့ကိတ်နဲ့ လက်ဆောင်ကိုသွားဝယ်နေတဲ့ မိဘတွေကို ဂျောင်ဆူးက တမျှော်မျှော်နဲ့စောင့်နေမိသည်။

ဒါပေမယ့်  ဒီတစ်ခေါက်တော့ ဂျောင်ဆူးဟာ သူအလိုချင်ဆုံးလက်ဆောင်အစား သူ့ဘဝအတွက်အကြီးမားဆုံး ဆုံးရှုံးမှုတစ်ခုကိုသာ ရလိုက်သည်။

Galanthus NivalisWhere stories live. Discover now