Chapter 4 : It's You

112 36 1
                                    

Unicode

"ချစ်သက် ... "

ဂျောင်ဆူးငယ်ငယ်တုန်းက မျက်နှာလေးကို မြင်လိုက်ရတဲ့ အခိုက်အတန့် ဂျုံအင်ရဲ့ ကမ္ဘာဟာ အံ့ဩဝမ်းသာမှုတွေနဲ့ပြည့်နှက်သွားရသည်။  သူ ဂျောင်ဆူးအား ခေါ်နေကြဖြစ်တဲ့ နာမည်လေးကို ရေရွတ်နေရင်း ဂျောင်ဆူးရဲ့မျက်နှာလေးကို ငေး၍သာကြည့်နေမိတယ်။

"ငါ့ ဟိုရှီလေးကို မပစ်ပါနဲ့ ... ငါ့ကိုပေးပါ "

ငိုသံစွတ်နေတဲ့ အသံလေးနဲ့ သူ့အားတောင်းပန်လာတဲ့ ဂျောင်ဆူးက်ိုကြည့်ရင်း ဂျုံအင်မျက်ရည်တွေဝဲလာရသည်

ကံကြမ္မာဟာ သူ့ကိုမျက်နှာသာပေးတာပဲ ...

သူ သူ့ရဲ့ချစ်သက်နဲ့ အခုလိုတွေ့ဖို့ကို မမျှော်လင့်ထားခဲ့ဖူးဘူး။

"ငါ ငါ မပစ်ပါဘူး ... မင်းကိုစလိုက်ရုံပါပဲ "

ဂျုံအင် ဟိုရှီလေးကို သူ့လက်ထဲကနေပြီးတော့ ဂျောင်ဆူးရဲ့လက်ထဲကိုထည့်ပေးလိုက်တော့ အငိုတိတ်ပြီးသဘောတကျနဲ့ကျေနပ်စွာ ပြုံးလာတော့သည်။

ဂျုံအင် ဂျောင်ဆူးရဲ့အပြုံးတွေကို မျက်တောင်မခတ်တမ်းကြည့်နေမိတယ်။ အသည်းပုံနှုတ်ခမ်းလေး ကွေးညွတ်သွားပုံလေးကို အနှေးကွက်ဖြင့်ကြည့်နေသလိုမျိုး တစိမ့်စိမ့်ဖြင့် သူကြည့်နေမိတယ်။

သူ့ဂျောင်ဆူးရဲ့ အပြုံးတွေကိုမမြင်ရတာ ဘယ်လောက်တောင်ကြာနေခဲ့ပြီလဲ ...

အခုလိုမြင်ရတဲ့အခါ ပျော်လွန်းလို့ ရူးသွားတော့မယ်လို့တောင်ထင်ရတယ်။

"ဟင် မင်းက ဘာလို့ငိုနေတာလဲ "

မျက်ရည်တွေအပြည့်နဲ့ သူ့အားကြည့်နေတဲ့ ဂျုံအင်ကိုမြင်လိုက်တော့ ဂျောင်ဆူးက ခွေးလေးကိုကိုင်ရင်းနဲ့ နားမလည်ဟန်မေးလာလေ​၏။

"အာ မငိုပါဘူး မျက်လုံးထဲ အမှုန်ဝင်သွားလို့ "

"အွန်း ... ဒါဆို ငါသွားပြီ "

ဂျောင်ဆူးက ပြောပြောဆိုဆိုနဲ့ ဟိုရှီလေးကိုကိုင်ပြီး ထွက်သွားဖို့လုပ်တော့ ဂျုံအင် အလန့်တကြားနဲ့ လက်ကောက်ဝတ်ကိုလှမ်းဆွဲလိုက်သည်။ သူ့ရဲ့ မျက်စိရှေ့ကနေ ပျောက်ကွယ်သွားတော့မလားဆိုတဲ့အတွေးတွေနဲ့ ကြောက်ရွံ့စွာပဲ ဆွဲထားမိသည်။ ဒီတစ်ခါတော့ သူ
ဂျောင်ဆူးကို ထွက်သွားခွင့်မပြုနိုင်ပေ။

Galanthus NivalisWhere stories live. Discover now