Chapter 1 : Hold On

174 34 8
                                    

Unicode

"ဂျုံအင် .. ရုံးကအပြန် ငါ့အတွက် လိမ္မော်သီးလေး ဝယ်လာပေးလို့ရလား"

ဂျောင်ဆူး သူ့ရဲ့ချစ်လှစွာသော ယောကျာ်းဖြစ်သူကို နက်ခ်တိုင်ချည်ပေးရင်း မဝံ့မရဲဖြင့် စကားစလိုက်သည်။

"ဒီနားမှာ ကုန်တိုက်ရှိတယ်လေ "i

"အာ အင်းပါ ငါအဲ့မှာပဲ သွားဝယ်လိုက်ပါ့မယ် "

သူ ဂျုံအင်ဆီကနေ ကောင်းမွန်တဲ့ တုံ့ပြန်မှုကို မျှော်လင့်ထားခဲ့ပေမယ့် ထင်သလိုဖြစ်မလာတာကြောင့် စိတ်ထဲဝမ်းနည်းမိသွားသည်။

"ဒီနေ့ရော နောက်ကျမှာလား"

"အင်း ဒီနေ့လည်း ကိုယ့်ကိုမစောင့်ပဲ ညစာစားနှင့်လိုက်"

"အင်း ဂရုစိုက်သွားနော် "

ဂျောင်ဆူး ဂျုံအင်ကို အိမ်ရှေ့ထိ လိုက်ပို့ပြီးတာနဲ့ အထဲကိုခပ်မြန်မြန်ဝင်ခဲ့လိုက်သည်။ ဒီဇင်ဘာလဖြစ်သည့်အတွက် အပြင်ထွက်ရုံလေးနဲ့တင် ဆောင်းလေအေးသည်ကား အသည်းထဲထိတိုးဝင်လာသည်ပင်။ ဂျောင်ဆူးမှာ နမိုးနီးယား(အဆုတ်ရောင်ရောဂါ)ရှိသည့်အတွက် အအေးမိခံလို့မဖြစ်။ နည်းနည်းလေး အအေးမိလိုက်တာနဲ့တင် ၃ ရက်လောက်အနည်းဆုံးဖျားတတ်သည်ကြောင့် ဂျောင်ဆူးမှာ အေးလွန်းလှသည့် ဆောင်းရာသီဆိုရင် အိမ်ထဲမှာပဲနေလေ့ရှိသည်။

"ဝါး နှင်းကျလာပြီပဲ "

ဂျောင်ဆူး ပြတင်းပေါက်ကို ငေးကြည့်ရင်းနဲ့ ပထမဆုံး နှင်းကျလာတာကိုမြင်တော့ အသည်းပုံနှုတ်ခမ်းလေးတွေပေါ်သည်အထိပြုံးလိုက်မိသွားသည်။

"ဂျုံအင်ရေ ပထမဆုံးနှင်းကျနေပြီ ... ဆုတောင်းဖို့ မမေ့နဲ့ဦးနော်။ ပြီးတော့ ဂရုစိုက်ဦး "

ဂျောင်ဆူး မက်ဆေ့ချ်တိုတိုလေးတစ်စောင်ပို့လိုက်ပြီးတော့ ဖုန်းကိုလက်ထဲမှာပဲကိုင်ထားလိုက်သည်။ ပိတ်ထားတဲ့ ပြတင်းပေါက်တွေကို အသာလေးဟလိုက်ပြီးတော့ ပထမဆုံးနှင်းလေးကို ထိတွေ့ကြည့်မိတယ်။

နှင်းဖွဲလေးတွေ သူ့လက်ဖဝါးပေါ်သက်ဆင်းလာတာနဲ့ ဂျောင်ဆူးလက်နှစ်ဖက်ကိုယှက်သွယ်လိုက်ပြီးတော့ ဆုတောင်းလိုက်သည်။

Galanthus NivalisWhere stories live. Discover now