Chapter 3 : Back to you

129 37 8
                                    

Unicode

၂၀၀၆ ခုနှစ်ဆိုတဲ့စကားကြောင့် ဂျုံအင်ရဲ့ မျက်ဝန်းတွေဟာ အံ့ဩမှုတွေအပြည့်ဖြင့် ပြူးကျယ်သွားခဲ့သည်။
အခု ... သူက အသက် ၁၂ နှစ်အရွယ်ကို ပြန်ရောက်လာခဲ့တာလား။

ဂျုံအင် မယုံကြည်နိုင်စွာဖြင့် ခေါင်းကို တံခါးဘောင်နဲ့ ဆောင့်ကြည့်လိုက်တော့ နာကျင်သွားတာကြောင့် ဒါဟာ တကယ်ဆ်ိုတာ သိလိုက်ရသည်။

"ဂျုံအင် မင်း အိမ်မပြောင်းချင်ဘူးဆိုတာနဲ့ ကိုယ့်အသားကိုယ်နာအောင်လုပ်ပြီး ဆန္ဒပြနေတာလား "

အမေ့ရဲ့ဆူပူသံကြောင့် ဂျုံအင် ခေါင်းကိုယမ်းပြလိုက်ပြီးတော့ ပြတင်းပေါက်ဘက်က်ိုမျက်နှာမူရင်းနဲ့ ပတ်ဝန်းကျင်ကို သေသေချာချာ စေ့စေ့စပ်စပ်ကြည့်နေမိသည်။

ဒီနေရာ ၊ ဒီမြင်ကွင်း ၊ ဒီခံစားချ​က် ....

အကုန်လုံးကို သူ သေချာစွာရင်းနှီးနေခဲ့သည်။ဒါတွေဟာ တကယ်ကို အစစ်အမှန်ပဲ။ သူတကယ်ပဲ အသက် ၁၂ နှစ်အရွယ်ကို ပြန်ရောက်လာခဲ့တာပင်။

ဒါ .. ဒါဆို သူ့ရဲ့ချစ်သက်လည်း အသက်ရှင်နိုင်သည်မလား။ သူ့ရဲ့ချစ်သက်ကို သူ နောက်တစ်ကြိမ်ပြန်မြင်တွေ့နိုင်တော့မှာပေါ့။

ဂျုံအင် အတွေးပေါင်းများစွာတွေးနေရင်းနဲ့ ပါးပြင်ပေါ်သို့ မျက်ရည်စီးကြောင်းတွေကျလာကိုပင် ဂရုမစိုက်နိုင်သေး။
သူ့ရဲ့ ဂျောင်ဆူးကို တစ်ဖန်ပြန်တွေ့နိုင်တယ်ဆိုတဲ့အကြောင်းအရာကိုပဲတွေးနေမိသည်။

ဒီတစ်ခါ သူ ချစ်သက်နဲ့တွေ့တဲ့အခါ သူ့ကိုပွေ့ဖက်မည် ၊ နမ်းရှိုက်မည်။ သူဟာ ကိုယ့်ရဲ့အပိုင်ဖြစ်ပါကြောင်း ၊ သူသာလျှင် ကိုယ့်ရဲ့အရာရာဖြစ်ကြောင်းကို သူပြောမည်။
သူ့ရဲ့ဂျောင်ဆူး စိတ်ငြိုငြင်မယ့်ကိစ္စတွေကိုရှောင်ပြီးတော့ သူ့ရဲ့ဂျောင်ဆူးက်ို အချစ်တွေပဲပေးမည်။ ဂျုံအင် သူ့ကိုဘယ်လောက်ချစ်ပါကြောင်းကို သူ့ရဲ့ဂျောင်ဆူးသိအောင် သူပြောဦးမည်။

ဂျုံအင် တွေးနေရင်း ၊ တွေးနေရင်းနဲ့ ခံစားချက်ကို ထိန်းချုပ်လို့မရတာကြောင့် မျက်နှာကိုလက်အုပ်ရင်းဖြင့် အသံတိတ်ငိုနေမိသည်။

Galanthus NivalisWhere stories live. Discover now