01

9K 797 22
                                    


"ကိုယ်တို့လက်ထပ်ပြီးရင်အချစ်​နေချင်တဲ့
ပင်လယ်နားမှာအိမ်​လေးတစ်လုံးဝယ်မယ်"

"ဟုတ်မှလည်းလုပ်ပါ ကိုရဲသားကြီးရယ်
ခွင့်​တောင်မဖြစ်မ​နေကိစ္စမှ ယူပြီး မြို့နဲ့​ဝေးနဲ့​နေရာမှာ အိမ်​ဆောက်ဖို့များ​တွေး​နေ​သေးတယ်"

"အချစ်က ကိုယ့်ကိုမယုံကြည်တာလား"

"ယုံပါတယ်..ယုံပါတယ်...ကျွန်​တော်​ရှောင်းကျန့်က
ဒီက အထူးရဲတပ်ဖွဲ့​ခေါင်း​ဆောင်ဝမ်ရိ​ပေါ်ကို
မယုံပဲမ​နေဝံ့ပါဘူး"

ကားတစ်စီးထဲတွင် လက်ထပ်ခါနီးမဂ်လာစုံတွဲဟာ
ချစ်ကြည်နူးစ​​နောက်သံများဖြင့်ပြည့်နက်​နေခဲ့တယ်။

သို့​ပေမယ့် ထိုရယ်​​မောသံများဟာ ကြာကြာမခံခဲ့ပါ။
ကုန်တင်ကားတစ်စီး၏ မဆင်မခြင်ယာဥ်​မောင်းနှင်မှု​ကြောင့် ​ပျော်ရွှင်​နေ​​သော မဂ်လာ​မောင်နှံရဲ့ပတ်ဝန်းကျင်ကို​သွေး​ရောင်များလွှမ်းသွား​စေခဲ့တယ်။

"အချစ်...အချစ်!!...သတိထားပါဦး!"

ခဏက​ပျော်ရွှင်​နေ​သော သတို့သား​လောင်း​လေး၏
မျက်ဝန်းထဲတွင် မျက်ရည်များပြည့်နှက်​နေပြီး
ခန္ဓာကိုယ်၌လည်း ပွန်းပဲ့ဒဏ်ရာမျာနှင့် ​​နှဖူးမှစီးကျ​နေ​သော ​သွေးများကိုလည်း အာရုံမစိုက်နိုင်ပဲ
​ဘေးတွင် သတိပြန်မလည်လာ​သောချစ်ရသူ​လေးကိုသာ
​အော်ဟစ်​ခေါ်​​နေတယ်။

"အချစ်!"

ကျယ်​လောင်​သော​အော်သံနှင့်အတူအသက်၅၀​ကျော်အမျိုးသားဟာ လန့်နိုးလာခဲ့တယ်။

ပတ်ဝန်းကျင်ကို​​ဝေ့ဝိုက်ကြည့်​တော့ ခဏက​မှောက်​နေ​သောကားထဲတွင်မဟုတ်ပဲ ရင်းနှီး​သောအဖြူ​ရောင်မျက်နှာကြပ်ဟာစီးကြိုလျက်........။

ဒီအိမ်မက်တစ်ခုထဲကိုပဲ ထိုအမျိုးသားမက်လာတာ
နှစ် ၂၀​ကျော်ခဲ့ပြီဖြစ်တယ်။အသိတစ်ချို့က​​တော့
ဆရာဝန်ပြကြည့်ဖို့​ပြော​ခဲ့​ပေမယ့် သူကိုယ်၌က
ကိုယ့်ကိုယ်ကို အပြစ်မကင်းသလိုခံစားရ​သော​ကြောင့်
ဆရာဝန်မပြခဲ့။

​ဝေဝါး​နေ​သောမျက်လုံးများကိုကြည်လင်​စေရန်
အိပ်ယာ​ဘေးကစားပွဲ​ပေါ်တွင်တင်ထား​သော
မျက်မှန်ကိုယူပြီးတပ်ကာ ​​ရေချိုးခန်းဆီသို့
တုန်ရင်​နှေး​ကွေး​သော ​ခြေလှမ်းများဖြင့်ဦးတည်၏။

𝙃𝙚𝙡𝙡𝙤 𝙃𝙤𝙣𝙚𝙮,𝙄'𝙢 𝙔𝙤𝙪𝙧 𝙁𝙪𝙩𝙪𝙧𝙚 𝙃𝙪𝙨𝙗𝙖𝙣𝙙Where stories live. Discover now