07

3.5K 552 27
                                    

ရှောင်းကျန့်ဝမ်ရ
ရှောင်းကျန့်ဝမ်ရိပေါ်ကိုတွေ့ဖို့ဆေးရုံခန်းတံခါးအဖွင့်မှာ
ဆူညံညံစကားပြောသံတစ်ချို့ကြောင့် တံခါးဖွင့်မည့်လက်ကိုရုတ်သိမ်းလိုက်တယ်။

"လုပ်ဖော် ကိုင်ဖက်တွေရောက်နေတာပဲ"

ဝမ်ရိပေါ်ကိုအနှောက်အယှက်ဖြစ်သွားစေမှာမို့
ရှောင်းကျန့်ဒီတိုင်းပြန်ထွက်လာခဲ့တယ်။
______________________________________
ရှောင်းကျန့်မှတ်စုစာအုပ်ထဲအာရုံစိုက်တာများနေပြီမို့
ဆေးရုံခေါင်းမိုးထပ်ကိုထွက်လာခဲ့တယ်။နာရီကြည့်တော့ ည၇နာရီတောင်ရှိနေပြီဖြစ်တယ်။

ဝမ်ရိပေါ်နဲ့မကြာသေးခင်ကမှတရားဝင်ချစ်သူရည်းစားဖြစ်ထားတာကြောင့် ဝမ်ရိပေါ်ကိုဘယ်လိုရင်ဆိုင်ရမလဲမသိသေး။နည်းနည်းတော့မျက်နှာပူမိ၏။

ခေါင်မိုးထပ်က‌‌ေလသည်မိုးအငွေ့အသက်လေးများပါလာတာကြောင့် ရှောင်းကျန့်မျက်နှာရှိရာဆီသို့
တိုက်ခတ်လာသောလေများက ခပ်အေးအေး။

ရှောင်းကျန့်ရဲ့မကြည်မလင်ဖြစ်နေသောစိတ်များပါလန်းဆန်းသွားစေတယ်။

"အချစ်ကဒီကိုရောက်နေတာကိုး ကိုယ်ကလိုက်ရှာနေတာ"

နောက်ကျောဘက်ဆီကလာသောဝမ်ရိပေါ်ရဲ့ အသံခပ်ဩဩကြောင့် ရှောင်းကျန့်ရဲ့ကျောပြင်လေးဟာမတ်သွားပြီး
မရင်းနှီးသောအခေါ်အဝေါ်ကြောင့် အလင်းရောင်ကောင်းကောင်းမြင်ရမယ်ဆိုလျှင် ရှောင်းကျန့်၏ရဲနေသော ပါးနီနီကလေးကိုတွေ့ရမည်ဖြစ်တယ်။

"မစ္စတာဝမ်...လေတွေဒီလောက်တိုက်နေတာကိုဘာလို့တက်လာတာလဲဗျာ"

"ထွက်ပြေးနေတဲ့ ချစ်သူလေးကိုလာဖမ်းတာလေ"

'ဝမ်ရိပေါ်ကဘာဖြစ်နေတာလဲ'ဟုရှောင်းကျန့်ရဲ့ရင်ထဲတွင်အသံကုန်အော်ဟစ်နေပြီဖြစ်တယ်။

ဝမ်ရိပေါ် ရေှာင်းကျန့်ရပ်နေတဲ့ဘေးမှာဝင်ရပ်လိုက်ပြီး

"ချစ်သူတွေဖြစ်နေပြီပဲဟာ...မစ္စတာဝမ်ဆိုတဲ့အခေါ်အဝေါ်ကစိမ်းမနေဘူးလားဗျာ"

"ကျွန်..ကျွန်တော်ကဘယ်လိုခေါ်ရမှာမှန်းမှမသိတာ!
ပြ‌ီးတော့...ဒါ..ဒါကလည်းပထမဆုံးပ‌ဲ......"

𝙃𝙚𝙡𝙡𝙤 𝙃𝙤𝙣𝙚𝙮,𝙄'𝙢 𝙔𝙤𝙪𝙧 𝙁𝙪𝙩𝙪𝙧𝙚 𝙃𝙪𝙨𝙗𝙖𝙣𝙙Where stories live. Discover now