03

4.8K 681 22
                                    

အ​ရှေ့စားပွဲ​ပေါ်တွင်တင်ထား​သော
စာအုပ်အညို​လေးကိုဖွင့်ဖတ်သင့်လား မသင့်လား
​ရှောင်းကျန့်​တွေး​​နေမိတယ်။

ပိုင်ရှင်ဖြစ်တဲ့မစ္စတာဝမ်ရိ​ပေါ်က​တောင်
ခွင့်ပြုတာ ဖွင့်ဖတ်သင့်တယ်ထင်တယ်။

​​ရှောင်းကျန့်ဟာ အတန်ကြာသည်ထိစာအုပ်ကိုစိုက်ကြည့်​နေပြီး မ​နေနိုင်​တဲ့အဆုံးဖွင့်ဖတ်ခဲ့တယ်။

(အတိတ်)2021

အမှု့လိုက်ရင်း ဝမ်ရိ​ပေါ်နဲ့အတူပါလာတဲ့
ရဲတပ်သားငယ်ရဲ့ဝမ်းဗိုက်ထဲကို တစ်ဖက်ရာဇဝတ်​ကောင်ရဲ့ ဓါးချက်ကစိုက်ဝင်သွားခဲ့တယ်။

ကံ​ကောင်းစွာဖြင့် ဝမ်ရိ​ပေါ်က​ဗိုက်မှာဓါးဖြင့်ရှပ်ထိတဲ့
ဓါတ်ရာ အ​သေးစား​လေးသာရခဲ့တယ်။

မိဘ​ဆွေမျိုးမရှိတဲ့ ရဲတပ်သားငယ်​လေးခွဲခန်းဝင်တုန်း
ဝမ်ရိ​ပေါ်က ​ဆေးရုံ​ကော်ရစ်တာကထိုင်ခုံ​ပေါ်မှာ
တစ်ညလုံးထိုင်​စောင့်​ပေးခဲ့ပြီး ​နေမအိပ်ညမအိပ်ပဲ
ရာဇဝတ်​ကောင်ကိုလိုက်ဖမ်းရလို့ ပင်ပန်းထားတဲ့အရှိန်​ကြောင့် ​မှေးခနဲအိပ်​ပျော်သွားခဲ့တယ်။

ပါး​ပေါ်တွင် ​အေးစက်စက်အရာတစ်ခုလာမထိ​တွေ့ခင်အချိန်ထိ..........

သူ့ပါး​ပေါ်ကို​အေးစက်စက်အရာတစ်ခုက
လာထိ​တွေ့​နေတာ​ကြောင့် ဝမ်ရိ​ပေါ်ဟာလန့်နိုးသွားခဲ့တယ်။

"နိုးလာပြီလား မစ္စတာ"

ဝမ်ရိ​ပေါ်တကယ်လန့်သွားတာ။ညကြီးမှာဒီလူကဘာလို့​အ​ရှေ့မှာ ငုတ်တုတ်ထိုင်ပြီးမသိတဲ့သူစိမ်းရဲ့ပါးကို
​​​​နို့​​အေးဗူးနဲ့လာကပ်ရတာလဲ။

သရဲမျက်နှာကိုလာကိုင်​နေတယ်ထင်သွားခဲ့တာ။
​ဆေးရုံကြီးမှာဒီလိုလုပ်စရာလား။

ဝမ်ရိ​​ပေါ်ဟာ ​သေနတ် ကျည်ဆံများကိုမ​ကြောက်​ပေမယ့် သရဲ​တော့​ကြောက်တက်ပါတယ်။

"ဘယ်သူလဲ ကျွန်​တော့်ကိုသိလို့လား"

ဝမ်ရိ​ပေါ် တကယ်စိတ်မကြည်​နေဘူး။
လန့်သွားတဲ့အရှိန်​ကြောင့်​ရော အိပ်​မောကျ​နေတဲ့
အချိန်နှိုးခံလိုက်ရတာ​ကြောင့် ​တော်​တော်ကိုစိတ်မကြည်​နေဘူး။

𝙃𝙚𝙡𝙡𝙤 𝙃𝙤𝙣𝙚𝙮,𝙄'𝙢 𝙔𝙤𝙪𝙧 𝙁𝙪𝙩𝙪𝙧𝙚 𝙃𝙪𝙨𝙗𝙖𝙣𝙙Where stories live. Discover now