02

5K 741 20
                                    

သူ့ကိုမြင်ထဲက စိုက်ကြည့်​နေ​သော
အ​ရှေ့က လူရဲ့အကြည့်က​ရှောင်းကျန့်ကို​နေရခက်​စေတယ်။

ထိုလူရဲ့အကြည့်​တွေက ဘာရယ်​ကြောင့်မှန်းမသိ ဝမ်းနည်း​​စေတယ်။

"​နေလို့ ​ကောင်းရဲ့လား မစ္စတာ"

"ဟုတ်ကဲ့ ကိုယ်​နေလို့​ကောင်းပါတယ်"

"မစ္စတာရဲ့မိသားစု​တွေကိုဆက်သွယ်ဖို့
ဖုန်းနံပတ်​လေးကျွန်​တော့်ကို​ပေးပါလား
ဒါမှ အိမ်ကမစ္စတာသားသမီး​တွေကသိမှာမဟုတ်လား"

​ရှောင်းကျန့်က​ပြောရင်း ဝမ်ရိ​ပေါ်ကို ​ဖောင်ဖြည့်ဖို့ပေးသည်။

ဝမ်ရိ​ပေါ် ​ဖောင်​ပေါ်တွင် 2050ကို​ရေး​နေတုန်း
​ရှောင်းကျန့်က အနားကပ်လာပြီး

"2021​လေ မစ္စတာ"

"2021?....​ဒါ..ဒါဆို​ဒေါက်တာ့နာမည်က?"

"ကျွန်​တော် ကင်ဆာဌာနက ​ဒေါက်တာ​ရှောင်း​ကျန့်ပါ"

"​ရှောင်းကျန့်!.."

ဟုတ်တယ်သူပဲ။​သူ့​ရှေ့ကလူ နှုတ်ခမ်း​အောက်မှာ
မှဲ့နက်​လေးနဲ့ဒီလူ။ဒီအပြုံး....စ​တွေ့ထဲကနှစ်၂၀​ကျော်ထိတိုင်​အောင်​​မေ့မရနိုင်တဲ့ဒီအပြုံး ဒီမျက်ဝန်း​တွေဟာ
ဒီလူတစ်​ယောက်ပါပဲဆိုတာသက်​သေပြ​နေပြီ။

သို့​ပေမယ့်​ရှောင်းကျန့်က ၂၀ကျော်အရွယ်
ဆရာဝန်တစ်​ယောက်ဖြစ်​နေ​သည်။ဝမ်ရိ​ပေါ်ရဲ့အသက်အရွယ်ဟာ​တော့ အနာဂတ်ကအသက်၅၃နှစ်အရွယ်​အဖိုးကြီးတစ်​ယောက်သာဖြစ်တယ်။

​ရှောင်းကျန့်ကအ​ရှေ့က မစ္စတာရဲ့လက်​တွေဟာ
တုန်ရင်​နေတာ​ကြောင့် သူပဲ​ဖောင်​ဖြည့်​ပေးဖို့ခွင့်​တောင်းလိုက်တယ်။

"မစ္စတာအဆင်မ​ပြေရင် ကျွန်​တော်လုပ်​ပေးပါမယ်"

​ရှောင်းကျန့်ဟာဝမ်ရိ​ပေါ်လက်ထဲက​ ​ဖောင်စာရွက်ကိုလွှဲယူလိုက်ကာ

"မစ္စတာနာမည်ကဘယ်လို​ခေါ်လဲဗျ...."

"ဝမ်...ဝမ်ရိ​ပေါ်ပါ"

"ဝမ်ရိ​ပေါ်~"

​ရှောင်းကျန့် သူ့နာမည်​ခေါ်တဲ့အသံချိုချို​လေးဟာ
စ​တွေ့တုန်းကအတိုင်းပဲ ဝမ်ရိ​ပေါ်ရဲ့ရင်ထဲမှာ
ချိုမြိန်လတ်ဆတ်​နေတုန်းပင်။

𝙃𝙚𝙡𝙡𝙤 𝙃𝙤𝙣𝙚𝙮,𝙄'𝙢 𝙔𝙤𝙪𝙧 𝙁𝙪𝙩𝙪𝙧𝙚 𝙃𝙪𝙨𝙗𝙖𝙣𝙙Where stories live. Discover now