ရင်းနှီးသောငိုသံကြောင့် ဝမ်ရိပေါ်သတိရလာခဲ့တယ်။သူသတိရှိစဉ်အခါတုန်းက တိုက်တစ်ခုပေါ်မှာ ရာဇဝတ်သားလိုက်ဖက်နေတာဖြစ်တယ်။ထိုရာဇဝတ်သားပစ်လိုက်တဲ့ ကျည်ဆံက ခါးစောင်းဆီသို့ဖောက်ထွင်းသွားတဲ့နာကျင်မှုနဲ့မုရွမ်ရဲ့ အော်သံကိုကြားလိုက်ရတာကိုတော့နောက်ဆုံးမှတ်မိလိုက်တယ်။ထို့နောက်ဘာကိုမှမမှတ်မိတော့ အိမ်မက်တစ်ခုလိုသာဝေဝေဝါးဝါးဖြစ်နေ၏။အခုအခါတွင်သူ့ခါးအောက်ပိုင်းတစ်ခုလုံးထုံကျင်နေပြီးလည်ချောင်းဟာလည်းခြောက်ကပ်နေလို့အသံမထွက်နိုင်။
"ဒီလိုဖြစ်လို့မရဘူးလေ...ဝမ်ရိပေါ်။ဒီတိုင်း
ရည်းစားစကားပြောပြီးအဖြေတောင်မပေးလိုက်ရပဲ ကျွန်တော့်ကိုဒီလိုထားသွားလို့မဖြစ်ဘူးလေ"'နေပါဦး...ဒေါက်တာေရှာင်းအသံမဟုတ်လား'
ဝမ်ရိပေါ်အသံထွက်နိုင်ရန်ကြိုးစားကာ
"ဒီ..တိုင်း..ဒီတိုင်းတစ်ဖက်သက်ကြီးမသေခိုင်းပါနဲ့ဦး။အသက်...ရှိပါ...သေးတယ်"
မနည်းအားယူပြီးပြောနေရတာဖြစ်တာကြောင့်
ဝမ်ရိပေါ်အသံဟာမောဟိုက်သံပေါက်နေတယ်။ဝမ်ရိပေါ်အသံကြားတော့ရှောင်းကျန့်ဟာ ငိုနေရာမှ မော့ကြည့်လာပြီး ပိုလို့ပင်အော်ငိုတော့တယ်......။
ဝူရှင်းကnurseတစ်ယောက်ကိုမျက်ပစ်ပြကာ
ရှောင်းကျန့်ကိုဆွဲခေါ်သွားစေပြီး ဝမ်ရိပေါ်ကိုခွဲစိတ်မှုပြန်စစေခဲ့တယ်။ခွဲခန်းတံခါးဖွင့်တော့ ခွဲခန်းပြင်မှာစောင့်နေတဲ့ရှောင်းကျန့်နဲ့မုရွမ်ကထလာပြီး ရှောင်းကျန့်ကဝူရှင်းကိုမေးတယ်။
"သူ...သူအဆင်ပြေတယ်မဟုတ်လား"
ငိုထားတာကြောင့်မျက်အိတ်တွေကဖောင်းနေပြီးအသံကလည်း အက်ကွဲနေတယ်။
"အင်း...ခဏနေကြရင်အခန်းပြောင်းပေးလိမ့်မယ်"
ထိုအခါမှာရှောင်းကျန့်ရဲ့မျက်နှာလေးကကြည်လင်သွားကာ
"ကျေးဇူးတင်ပါတယ်...သူ့ကိုကယ်ပေးလို့ကျေးဇူးတင်ပါတယ်"
ရှောင်းကျန့်ကဝူရှင်းလက်ကိုကိုင်ပြီး တစ်ဖွဖွကျေးဇူးတင်စကားပြောနေတယ်။