Hello pretty

1.7K 85 15
                                    

[Unicode]

Paris မှာပြုလုပ်တဲ့ Gucci Spring Summer Fashion show ပွဲ ။ အဝင်ဝ Red carpet မှာ မီးရောင်ထလတ်လတ်နဲ့ ဓာတ်ပုံရိုက်နေတဲ့သူတွေကြား
ဖြတ်လျှောက်မိရင်း ဂျောင်ဂုမျက်မှောင်ကြုတ်လိုက်သည် ။ စိတ်ရှုပ်လိုက်တာ သူတို့တွေကဘာတွေများ
အဲ့လောက်အရေးကြီးလို့ အမိအရမှတ်တမ်းတင်နေကြတာလဲ ။ ဝတ်ထားတဲ့ဦးထုပ်ကြီးကြီးကို အောက်သို့ခပ်ငိုက်ငိုက်
ဆွဲချရင်းသာ အထဲဝင်သွားလိုက်သည် ။

Runway ရဲ့ရှေ့ဆုံးအတန်း ၊ နေရာ‌ကောင်းတစ်ခုမှာ
ထိုင်ကာ သက်ပြင်းတိုးတိုးချမိသည် ။ ဦးထုပ်ချွတ်ပြီး
ခြေထောက်ချိတ်ကာ ကြီးမားကျယ်ပြန့်တဲ့ လက်ပြင်တို့ကို
သက်သက်သာသာ အနားယူစေ၏ ။ ဝတ်ထားတဲ့
ရှုပ်ရှုပ်ယှက်ယှက်အဝတ်တို့က တကယ်စိတ်‌အနှောက်အယှက်
ဖြစ်စရာကောင်းလွန်းလှသည် ။

နောက်ခံတီးလုံးသံတို့က စီးချက်ညီညီမြည်လာတဲ့အခါ ။
ခန်းမတစ်ခုလုံး အမှောင်ကျသွားပြီး လင်းလက်လာတဲ့
လျှောက်လမ်းပေါ်ကိုသာ ဆလိုက်မိတို့ချိန်ညှိထားသည် ။
မျက်နှာတည်တည် ဘောဒီလှလှနဲ့ အပိုအလိုမရှိ
အင်္ကျီဒီဇိုင်းကိုအသားပေးပေါ်လွင်အောင် လမ်းလျှောက်
နေတဲ့သူတွေကို ချီးကျူးမိ၏ ။ ဒေါ်ဖိနပ်တွေနဲ့
သူတို့ရှေ့နောက်မကြည့်ပဲ ဘယ်လိုလျှောက်ကြတာပါလိမ့် ။

မိန်းကလေးတွေပြီးသွားတဲ့အခါ အမျိုးသားတွေ
စင်ပေါ်တက်လာချိန် ပါးစပ်ကိုလေချွန်သလိုလုပ်ပြီး
ခေါင်းကိုနောက်အနည်းငယ်ဆုတ်လိုက်မိသည် ။သူတို့
တယ်လန်းပါလား ဆိုတဲ့ဂျောင်ဂုအတွေးတွေ ။ ခပ်ပါးပါး
အင်္ကျီတွေကိုဝတ်ဆင်ထားတဲ့ ယောင်္ကျားလေးတွေက
အသားအရောင်မရွေး ၊ သူရှေ့ကတစ်ယောက်ချင်း
ဖြတ်လျှောက်သွားတဲ့အခါ မျက်ခုံးတစ်ဖတ်ပင့်ပြီး
သေချာလိုက်ကြည့်မိသည် ။

သူတို့တွေထဲက အထူးခြားဆုံး ကောင်လေးတစ်ယောက်ကို
မြင်လိုက်တဲ့အခါ ပတ်ဝန်းကျင်ကြီးတစ်ခုလုံး တိတ်ဆိတ်
သွားသလိုပဲ ။ အနက်ရောင်ဇာပုံစံအင်္ကျီက ကောင်လေးရဲ့
ပြေပြစ်လွန်းပြီး အချိုးကျတဲ့ခန္ဓာကိုယ်ပေါ်မှာ နေရာယူထားတယ် ။ ကြွေရုပ်‌လေးလိုလှတဲ့မျက်နှာတည်တည်
နဲ့သူရှေ့ကို‌တစ်လှမ်းချင်းလမ်းလျှောက်လာသလို ။
ရင်ဘတ်ထဲကစည်းချက်တွေတောင် နောက်ခံတီးလုံးသံနဲ့
အတူကခုန်နေတယ် ။

The Black CatWhere stories live. Discover now