Part - 1

555 57 4
                                    

[Unicode]

ထယ်ယောင်း(ကင်မ်) လျှို့ဝှက်လွန်းတဲ့လောကမှာ
နာမည်သိပ်ကြီးတဲ့ အလွတ်တန်းစုံထောက် ။ ပြစ်မျိုးမှဲ့မထင်
လှတဲ့အလှရှိတဲ့သူက spy တစ်ယောက်လို့ထင်ရက်စရာမရှိ ။
အီဂျစ်အစိုးရကနေ သူ့ကိုငှားပြီးအလုပ်ခန့်ထားတာ
အတန်ငယ်တော့ကြာပြီ ။ ရှေးဟောင်းကျလွန်းပြီး
တန်ကြေးကြီးလွန်းတဲ့ ပစ္စည်းတွေကိုကာကွယ်ဖို့က
သူ့တာဝန်ပဲ ။

Egypt မှာ တန်ဖိုးကြီးလွန်းတဲ့ ရှေးဟောင်းပစ္စည်းတွေ
အများကြီရှိတယ် ။ သင်္ချိုင်းဂူတွေထဲမှာရှိချင်ရှိမယ် ၊
သဲတွေထဲမြုပ်နေမလားလဲမသိနိုင်ဘူး ။ ရှေးဟောင်းသုသေတန ပညာရှင်တွေကစည်းဝိုင်းတားပြီး
တူးဖော်ကြတာမျိုးရှိပေမယ့် တချို့ကတစ်စုံတစ်ခုကို
ရှာဖွေတွေ့ရှိကြတဲ့အခါ အစိုးရကိုမအပ်ကြပဲ တရားမဝင်စွာ သိမ်းဆည်းထားကြတယ် ။ ဒါမျိုးတွေကို ကင်မ်
စိတ်အပျက်ဆုံးပဲ အဲ့လိုအမှုတွေကိုကိုင်တွယ်ရတာ
တစ်ခါတစ်လေတော့ စိတ်ညစ်စရာကောင်းပြီး စွန့်စားရသေးတာ ။

Cairo University မှာပဲ သမိုင်းဘာသာရပ်လေ့လာခဲ့ပြီး
London University မှာလည်း တက်ရောက်ခဲ့တဲ့သူ ။
Egypt တစ်ခွင်နဲ့ ဥရောပမှာရှိတဲ့ ပြတိုက်တွေကို
သွားလည်တာက ရှေးဟောင်းအမွေအနှစ်တွေကို
သဘောကျတတ်တဲ့ သူ့အတွက် စိတ်အပန်းဖြေစရာပါပဲ ။
______________________________

Cairo မှာအရမ်းပူတယ် ။ နေ့လည်ခင်းဆို
ချွေးတပြိုက်ပြိုက်နဲ့ အဲကွန်းနဲ့ပန်ကာပြိုင်တူ ဖွင့်ထားမှ
တော်ကာကြတာ ။

ထယ်ယောင်း Cairo မြို့လယ်ခေါင်မှာရှိတဲ့ ရုံးခန်းထဲမှာ
အလုပ်တွေပြီးလို့ ဘာလုပ်လို့ဘာကိုင်ရမယ်မှန်းမသိဘူး ။
ရုတ်တရတ်သူ့အတွေးတွေထဲဝင်ရောက်လာတဲ့လူ ။
London မှာကိုယ့်ကိုအလှလေးလို့ တဏှာကျကျ
ပိုင်စိုးပိုင်နင်းခေါ်ခဲ့တဲ့လူအကြောင်းတွေးမိတော့ နှုတ်ခမ်းထော်ကာ လက်ပိုက်ထားမိသည် ။

" ကျစ် !!! သူ့ကိုဘာလို့ခုထိစိတ်ထဲစွဲနေသေးတာလဲ "

မျက်လုံးစုံမှိတ်ကာ ခေါင်းအတင်းခါလိုက်ပြီး သူငယ်ချင်းတစ်ဦးဆီ ဖုန်းခေါ်လိုက်သည် ။ Mr.pearson
တဲ့ ၊ Egypt တောင်ပိုင်းမှာ ရှေးဟောင်းသုသေတန
လုပ်နေတာ ခြောက်လလောက်ရှိပြီ ။ မကြာခင်
ပြန်တော့မှာမလို့ တစ်ခါလောက်စကားစမြည် ပြောချင်သေးသည် ။

The Black CatWhere stories live. Discover now