Part - 3

461 46 14
                                    

[ Unicode ]

Beirut ရဲ့ညဘက်က အရမ်းလှတယ် ။ မနက်ဖြန်အတွက်
အစီအစဉ်ချပြီးသွားတဲ့ သူတို့နှစ်ယောက်က အခုမှ သက်ပြင်းမောချနိုင်တာ ။ နောက်ဆုံးတော့ Black Cat
နဲ့နီးစပ်လာပြီလို့ထင်မိပါရဲ့ ။

Pearson အမှုအတွက် Taxi သမားကိုစစ်မေးတဲ့အခါ လဘနွန်လေသံနဲ့ Borkman ကဘူတာရုံကို
လိုက်ပို့ခိုင်းခဲ့တယ်တဲ့ ။  သူပြောသလို 11နာရီမှာ ဘူတာရုံက ရထားက Beirut ကိုလာမယ့်တစ်စင်းပဲရှိတယ် ။ ရထားနဲ့လိုက်ရင် မမှီတော့လို့ သူ့ထက်အရင် Beirut ကိုရောက်အောင် လေယဉ်နဲ့လာခဲ့ရတာ ။ အကုန်လုံးကို
ဆက်စပ်တွေးကြည့်ပေးခဲ့တဲ့ ဂျွန့်ကိုကျေးဇူးတင်ပေမယ့် မတင်ချင်ပါဘူး ။

ဘေးနားမှာ ဝိုင်ခွက်ကိုလှည့်ရင်း တစိမ့်စိမ့်သောက်နေတဲ့
ဂျွန့် ကိုအကြောင်းပြချက်မရှိစွာ မျက်စောင်းထိုးလိုက်သည် ။

" စွာတေး ဘာလို့ကိုယ့်ကိုကြည့် "

" ကြည့်လို့တောင်မရဘူးလား "

" မသိပါဘူး ကိုယ်ကအရမ်းချောတဲ့လူမျိုးဆိုတော့
မင်းများ ကိုယ့်ဘက်စိတ်ယိုင်- "

" တော်တော့ ... စကားပြောတာကလည်း ပိတ်ထိုးချင်စရာ "

ထိုအခါဂျွန်က ခပ်မဲ့မဲ့ပြုံးရင်း‌ ဘောင်းဘီအိတ်ထဲက
ကားသော့ကိုထုတ်ကာ အပြင်ထွက်သွားသည် ။

" တော်ပြီ ကင်မ့်ကိုကိုယ်စိတ်ဆိုးတယ် သွားတော့မယ် "

ထိုအခါ ထယ်ယောင်း ကမျက်ကလူးဆန်ပြာနဲ့

" ဟေ့ မသွားနဲ့ဦးလေ ဂျွန်ဂျောင်ဂု ငါ့ကိုတစ်ယောက်တည်း
မထားခဲ့နဲ့လို့ "

မပြောဘူးလား အဲ့အစွာလေးက ကျားပေါက်လေးသာသာပဲ ။
ဘာမှဟုတ်တာလည်း မဟုတ်ဘူး ။
_____________________________________

Borkman ရဲ့ပါတီမစခင် ညနေပိုင်း ။ Skylight
ဟိုတယ်ရှေ့မှာ ပါတီတစ်ခုရှိတယ်လို့်မထင်ရလောက်အောင်
လူသွားလူလာက ရိုးရိုးပုံမှန်ကြီးလိုဖြစ်နေသလိုပဲ ။

အခန်းတစ်ခန်းထဲမှာ Waiter ဝတ်စုံနဲ့ ဂျောင်ဂုက
ထိုင်ခုံပေါ်ထိုင်နေပြီး ထယ်ယောင်း ကရှေ့နောက်လျှောက်ကာ သူ့လက်သည်းကြည်ကြည်လေး
တွေကို ကိုက်ခဲနေသည် ။

You've reached the end of published parts.

⏰ Last updated: Feb 22, 2022 ⏰

Add this story to your Library to get notified about new parts!

The Black CatWhere stories live. Discover now