အပိုင်း ၃

331 45 3
                                    

"အစ်ကို့နာမည်SeokJinပါ Storeကဦး​လေးကြီးက
အစ်ကို့ညီ​လေးဒီအိမ်မှာလို့​ပြောလို့"
"အာ ဟုတ်တယ် ဝင်ခဲ့​လေအစ်ကို"

Jiminလည်းJinကိုအခန်းထဲ​ခေါ်လာပြီး
"​မေ​မေ Kookieအစ်ကိုတဲ့"
"​အေး သား လာ​လေ"
"အားနာလိုက်တာဗျာ ညီ​လေးကဘာမှမ​ပြောဘဲထွက်သွား​တော့ ကျ​တော်တို့မသိလိုက်ဘူးဖြစ်သွားတယ်"
"ရပါတယ်ကွာ မင်းညီ​လေးကြည့်ရတာအာဟာရပျက်​နေပုံ​ပေါ်တာမို့အား​ဆေး​လေး​ချိတ်​ပေးထားတယ် အိပ်​ပျော်ပြီးနိုးလာရင်​​တော့သက်သာမှာပါ ဒါ​ပေမယ့် က​လေးကပုံမှန်မဟုတ်​တာမို့ သူ့အ​ခြေအ​နေ​ကို မင်း​​သေချာပြောပြလို့ရမလား"
"ဟုတ်ရပါတယ်"
"အန်တီတို့​ရှောင်​ပေးရမလား သား"
"ရပါတယ်အန်တီ အန်တီတို့လည်းကူညီ​ပေးထားတဲ့လူရဲ့အ​ခြေအ​နေကိုသိထားတာ​ကောင်းပါတယ်"
"ဒါဆို ဧည့်ခန်းထဲသွားကြတာ​ပေါ့"
"ဟုတ် ဆရာ"

"ဆရာ့အထင် မင်းတို့မိသားစုကိစ္စဖြစ်မယ်ထင်တယ်"
"ဟုတ်တယ်ဆရာ ကျ​တော်ဘယ်ကစ​ပြောရမှန်း​တောင်မသိဘူး"
"ရပါတယ် စိတ်​အေး​အေးထားပြီး ဖြည်းဖြည်းချင်း​ပြောပါ ဆရာ့ကိုယုံကြည်ပြီး​ပြောလို့ရတာမို့ ရင်ဖွင့်တယ်လို့ပဲသ​ဘောထား​နော် သား"
"ဟုတ်ကဲ့ မနှစ်က​ကျ​တော်တို့စာ​မေးပွဲပြီး​တုန်းက​ပေါ့ ​အ​ဖေကျ​တော်တို့မိသားစုကိုSeoulက ​ဖျော်​ဖြေပွဲတစ်ခုလိုက်ပြခဲ့တယ်ဆရာ ပွဲပြီး​တော့ ဘဲ​လေးအကမယ်တစ်​ယောက်ကအ​ဖေ့ကိုတရင်းတနှီးလာနှုတ်ဆက်​တယ် အဲ့အစ်မကအရမ်းလှ​တော့ အ​ဖေ့ကိုတကူးတကလာနှုတ်ဆက်တာကို ကျ​တော်တို့တစ်မိသားစုလုံးသ​ဘောကျခဲ့ကြတယ် အဲ့အစ်မကကျ​တော့်တို့ကိုညစာလိုက်​ကျွေးမယ်​ပြော​ပေမယ့် အိမ်မှာအဖွားတစ်​ယောက်တည်း ကျန်ခဲ့​တော့ ကျ​တော်တို့လည်းမ​စား​တော့ဘဲမမှောင်ခင်ပြန်ရမယ့်အ​ကြောင်း​ပြောခဲ့တယ် အဲ့​တော့ အစ်မကအိမ်လိုက်လည်ပါရ​စေဆိုလို့ ကျ​​တော်တို့အိမ်ကိုသူပါ ပါလာတာ​ပေါ့ Kookieကအဲ့အစ်မကတာလိပ်ပြာ​လေးနဲ့တူတယ်လို့မှတ်ထားပြီးလိပ်ပြာမမလို့​ပဲခေါ်ခဲ့တယ် ပြီး​တော့အဲ့အစ်မနားအရမ်းကပ်ပြီးအစ်မကလည်း Kookieအ​ပေါ်အရမ်း​ကောင်း​ပေးခဲ့တယ် အစ်မပြန်မယ်ဆိုတဲ့​နေ့မှာ Kookieကသူပါလိုက်မယ်ဆိုပြီးအတင်းငို​နေခဲ့တာ အ​ဖေတို့ကမလိုက်ရဘူးတား​ပေမယ့်အငိုမပျက်​တော့ ကျ​တော်ကညီ​လေးကိုအ​ဖေ့ကား​နောက်ကခိုးလိုက်မယ်လို့​ပြောပြီး​ချော့ခဲ့ရတယ် တကယ်လည်းအ​ဖေ့ကား​နောက်ကလိုက်ခဲ့ကြတယ်​လေ အဲ့ဒါကိုမသိတဲ့အ​ဖေနဲ့အစ်မက Busanကထွက်တာနဲ့ကားကိုရပ်ပြီး ကားထဲ.....ကားထဲမှာပဲ​​ဖောက်ပြန်ခဲ့ကြတာ"

GardenerWhere stories live. Discover now