အပိုင်း ၁၉ {ခ}

140 25 8
                                    

Ting Tong.... {Bell Rings}

Ting Tong...Ting Tong...
Ting Tong...Ting Tong...

"အစ်ကိုတစ်ခုခုများဖြစ်​နေတာလား"

ဆက်တိုက် Bellတီး​နေ​ပေမယ့်
ထွက်မလာတဲ့အစ်ကို့​ကြောင့်
စိုးရိမ်မှုအ​ခြေအ​နေမြင့်တက်လာ​တော့သည်

"အစ်ကို့ကိုဖုန်းဆက်ကြည့်ရ​တော့မယ်"

"ဖုန်းကိုင်ပါအစ်ကိုရာ ​ကျေးဇူးပြု၍"

"ဟာကွာ တကယ်ပဲဘာဖြစ်​နေတာလဲ"

Ting Tong...Ting Tong...

"ဘယ်သူလဲကွာ ဆူညံ​နေတာပဲ"

​ဟော ထွက်လာပါပြီ
အိပ်မှုန်စုံဖွားအသံ​လေးကအစ
ချိုမြိန်လွန်း​နေ​တော့တာပဲအစ်ကိုရာ
ကပိုကယိုဆံပင်ထိုးထိုး​ထောင်​​ထောင်နဲ့
မပွင့်တပွင့်မျက်လုံး​တွေကို
လက်​နဲ့ပွတ်​နေတဲ့အစ်ကို့မျက်နှာ​လေးကို
ကြည့်​နေရာက​နေ ခန္ဓာကိုယ်ငယ်​လေးဆီ
အကြည့်ဆက်သွားတဲ့အခါ​
Jeon Jungkookတို့ မျက်အိမ်​တွေကျယ်ပြီး
တံ​တွေးမြိုချမိ​တော့သည်
မဖြစ်​သေးပါဘူး အင်္ကျီမပါတဲ့ကိုယ်ငယ်​လေး​ကို
အခြားအခန်းကလူတွေမြင်ကုန်မှဖြင့်...

သဝန်တိုရခြင်းနှင့်အတူ အစ်ကို့ကိုယ်ငယ်​လေးကိုဖက်ရင်း အခန်း​ထဲအလျင်အမြန်ဝင်လိုက်တဲ့အခါ
အစ်ကို့မျက်ဝန်း​လေး​တွေ ကျယ်လာခဲ့တယ်

"ဘယ်သူများလဲလို့ မင်းကို..."

"အွန်း ကျ​တော်...
ကျ​တော်မို့​တော်​သေးတာ​ပေါ့ဗျာ
အင်္ကျီမဝတ်ထားရင်လည်းတံခါးမဖွင့်ပါနဲ့လား"

"ရား...မင်းပဲBellကိုဆက်တိုက်တီး​နေတာ​လေ"

"အစ်ကိုကထွက်မလာ​တော့ စိတ်ပူလို့ပါ"

"ဒီတိုက်ခန်းကလုံခြုံပါတယ်"

"ဘာဖြစ်ဖြစ်​နောက်ခါဘယ်သူလာလာ
အခုလိုပုံနဲ့ထပ်မ​တွေ့ပါနဲ့ဗျာ ​နော်"

"အွန်း"

အွန်း သာဆိုတယ်
မျက်လုံး​တွေက ပြန်မှိတ်ကျ​နေတာ​ကြောင့်
အစ်ကို့ကို​သေချာကြည့်မိ​တော့မှ
ပါး​လေး​တွေ​ရော နားရွက်​လေး​တွေ​ရောက
ရဲ​တွတ်နေတာပဲဗျာ
အူ​တွေယားလွန်းလို့
ဒီငါးထပ်တိုက်တစ်တိုက်လုံးပြိုကျ​အောင်သာ​ ​
အော်ပစ်လိုက်ချင်​တော့တယ်

GardenerWhere stories live. Discover now