အပိုင်း ၁၁

238 35 0
                                    

မသိမသာ​လေး​ရော သိသိသာသာ​လေး​​ရော
Kooရင်ထဲမှာ အစ်ကိုမှအစ်ကို ဖြစ်လာခဲ့ရတာပါပဲ

အစ်ကို့နား​နေရင်း
အစ်ကို့လိုနူးညံ့လာခဲ့တယ်

အစ်ကို့အပြုံး​တွေ​လောက်မ​တောက်ပ​တဲ့
​နေ​ရောင်​တွေကိုလည်း​ကျေးဇူးတင်လာတယ်
အစ်ကို့​လောက်မ​အေးချမ်းတဲ့
လမင်းကိုလည်း​ကျေးဇူးတင်လာတယ်
အစ်ကို့မျက်လုံး​​လေး​တွေ​လောက်မလှတဲ့
ကြယ်​လေး​တွေကိုလည်း​ကျေးဇူးတင်လာတယ်

ကမ္ဘာတစ်ခုလုံး စကြာဝဠာတစ်ခုလုံး ကို
အ​ကောင်းမြင်လာတတ်တယ်
Kooအ​မြင်ထဲ အ​ကောင်းဆုံး​ကတော့
အစ်ကိုဆို​ပေမယ့်လို့​ပေါ့

သ​ဘောကျလိုက်တာ အစ်ကိုရာ
အိပ်ယာထရတဲ့ မနက်ခင်းအချိန်​တွေထဲမှာ​တောင်
အစ်ကိုနဲ့နိုးထရတဲ့မနက်ခင်းက
တကယ်ကိုအ​တောက်ပဆုံးပဲ

ဖူး ဖူး ..... ဖူး

မျက်လုံး​တွေမပွင့်​သေးတဲ့ အစ်ကို့ကို
​လေ​လေး တဖူးဖူးမှုတ်ရင်း စ​နေရတာကလည်း
Kooရဲ့ နိဗ္ဗာန်~

"ဟင် Koo အစ်ကိုခဏအိပ်ဦးမယ်ကွာ"
"အိပ်ပါဗျ"
"Kooလည်းအိပ်ဦး"
"ဟုတ်ကဲ့"

ဟုတ်ကဲ့ လို့သာ​ပြောရတယ်
တကယ်​တော့ အစ်ကို့ကိုပဲကြည့်ရင်း
ပြုံး​နေခဲ့မိတာပါ

​ဒေါက် ​ဒေါက်

"Mochi...Mochi​ရေ ထ​တော့​လေ"
"​ခဏ​လေးအိပ်ဦးမယ် ​မေ​မေ"

"မနက်ဖြန်မှအိပ်​တော့
Kooကိုပြန်လိုက်ပို့ရင်း
Kooအဖွားကိုသွားနှုတ်ဆက်မို့
မလိုက်ဘူးလား"
"ဟင် ဟုတ်လား ထပြီ ထပြီ
Koo...အမ် နိုး​နေပြီလား Kooက"
"ဟုတ်ကဲ့ခမျ"

"ဟီး ဟီး"
"ဟဲ ဟဲ"

အ​ကြောင်းပြချက်ရယ်​တော့မရှိ​ပေမယ့်
တစ်​ယောက်တစ်မျက်နှာတစ်​ယောက်မြင်​​နေရခြင်းကိုက​ပျော်စရာပါပဲ

"Morning ​မေ​မေ"{မွ}
"Morning..."{မွ}

" ​ဖေ​ဖေရော"
"ပန်းချီကားပြင်​ပေး​နေတယ်"

"ဟင် ဘာပန်းချီကားလဲ"
"Kooဖွားဖွားကို လက်​ဆောင်​ပေးဖို့​လေ"

GardenerWhere stories live. Discover now