အပိုင်း ၁၈

292 30 4
                                    

"Tulip​တွေကလှတယ်မလား Koo"

"အွန်း အစ်ကို့​လောက်မဟုတ်​ပေမယ့် လှပါတယ်"

"မင်းငါ့ကို Tulipဝါ​တွေ ​ပေးခဲ့တုန်းက
ငါသိပ်​ပျော်ခဲ့တာ သိလားKoo"

"Kooက​တော့​နောင်တရတယ်
အဲ့Tulip​တွေ​ကြောင့်​​အစ်ကိုနဲ့ဝေးခဲ့တာ"

"မဟုတ်တာကွာ ပန်း​တွေမှာဘာအပြစ်ရှိလို့လဲ"

"ဟုတ်ပါတယ်
တကယ်တမ်းက Kooအပြစ်​တွေပဲမလား
အဲ့ဒါမို့ အဲ့ဒါမို့ အစ်ကိုမုန်းပြီးထားသွားတာ​ပေါ့"

"အွန်းဟုတ်တယ် အဲ့ဒါမို့ထပ်ပြီးငါ့ဆီမလာနဲ့​တော့"

"မဟုတ်ဘူး မဟုတ်ဘူး Kooရှင်းပြမယ် အစ်ကို
မထားသွားပါနဲ့ မထားသွားပါနဲ့ အစ်ကို....."

"မထားသွားပါနဲ့ အစ်ကို....."

အိပ်မက်​ထဲထိနှင်တုန်းလား အစ်ကိုရယ်
ရင်ဘတ်​ထဲကနာလိုက်ရတာ...

"အိပ်မ​ပျော်ဘူးလား ​ကောင်​လေး"

"အိပ်မက်မက်လို့ပါ"

"Jiminieကိုလား"

"ဟုတ် အစ်ကို​ရော"

"Taehyungieနဲ့စကား​တွေ​ပြောရင်းအိပ်သွားပြီ​
မင်းအိပ်​နေရင်း​ချွေး​တွေပြန်လို့
ငါနဲ့အတူထားပြီး မင်းကို​စောင့်ကြည့်​​ပေးနေတာ"

"အာ ​​ကျေးဇူးတင်ပါတယ်
အိပ်မရ​အောင်လုပ်မိတဲ့အတွက်လည်း
တောင်းပန်ပါတယ်"

"မလိုပါဘူး ဦးကဒါ​တွေနဲ့​နေသားကျ​နေပြီ"

"ဦး​လေးက အစ်ကိုရဲ့ဦး​လေးလား"

"အွန်း ဟုတ်တယ်
ဦးနာမည်က Kim JiHoon
Jiminieအ​မေရဲ့အစ်ကို​ပေါ့
ညီမ​လေးတို့လင်မယားဆုံးပြီး​နောက်ပိုင်း
Jimineကိုဦးနဲ့အတူ​ခေါ်ထား​တာ​"

"ဦး​လေးကပြင်သစ်မှာ​နေတာလား"

"အွန်း"

"ပြင်သစ်မှာ ဘာလုပ်တာလဲ"

"ဆရာဝန်ပါ"

"ဆရာဝန်{?}
ဆရာဝန်လုပ်တာပဲဒီမှာလုပ်လည်းရတာကို
ဘာလို့အ​ဝေးကြီးကိုသွားလုပ်​နေရတာလဲ
ဦး​လေး​ကြောင့်
ဦး​လေးကအစ်ကို့ကိုပြင်သစ်ထိ​ခေါ်သွားတာမို့
ကျ​တော်ဘယ်​လောက်​တောင်ရှာမရဖြစ်ခဲ့လဲ
သိရဲ့လား"

GardenerWhere stories live. Discover now