အပိုင်း(၁)

1K 100 2
                                    

(Unicode )

ထန်းယွင်ကျင့်ကြံခြင်းကမ္ဘာ ...

နေရာအနှံမှာပျံနှံ့နေတဲ့ကောလဟာလတွေရှိတယ်။အခုနောက်ပိုင်းတဟုန်ထိုးကျော်ကြားလာတဲ့နတ်ဆိုးဘုရင်အကြောင်းပေါ့။
ပြောရရင်..သူကဒီ ကမ္ဘာကမဟုတ်ဘူး။ဒါကကျင့်ကြံသူတွေအတွက်တော့မထူးခြားပါဘူး။နေရာလပ်တွေအကြောင်းနားလည်လာရင်ဘယ် ကမ္ဘာ သွားသွားရတာဘဲ။

အခုနတ်ဆိုးဘုရင်ကတော့...

ပုံပန်းသဏ္ဍာန်အရ..

ရေတံခွန်လိုဖြာကျနေတဲ့ဆံနွယ်နက်နက်တွေ။သလင်းဖြူလေးလိုဖြူဖွေးတောက်ပြောင်နေတဲ့အသားအရေ။ချယ်ရီသီးလေးလိုနီမြန်းရွှန်းစိုနေတဲ့နှုတ်ခမ်း။အကြည့်မလွှဲနိုင်လောက်တဲ့ကြယ်စင်အစုအဝေးလိုမျက်ဆံနက်နက်။ခြုံပြောရရင်သောက်ရမ်းကိုလှတဲ့အလှလေး။

ဒါလည်းမထူးဆန်းသေးဘူး..ကျင့်ကြံသူ ကမ္ဘာ မှာအလှလေးတွေမရေမတွက်နိုင်အောင်ရှိတယ်။ထူးတာကနတ်ဆိုးဘုရင်ရဲ့လတ်တလောအပြုအမူတွေ..

နတ်ဆိုးလို့ပြောလိုက်ရင်ကျင့်ကြံသူတွေရဲ့ရန်သူဆိုပြီးခေါင်းထဲတန်းပေါ်လာတာဘဲ။ဒါပေမယ့်...ဒါပေမယ့်လေအဲ့နတ်ဆိုးဘုရင်ကရူးလောက်အောင်ကိုဖမ်းထားတဲ့လူတွေအကုန်လုံးကိုလွှတ်ပေးခဲ့တယ်တဲ့။
သွားပြီးတိုက်ခိုက်မဲ့ဂိုဏ်းတွေတောင်လမ်းခုလတ်မှာကြောင်တောင်တောင်နဲ့လှည့်ပြန်လာခဲ့ရတယ်....

ထပ်ပြီးထူးဆန်းတာတွေရှိသေးတယ်...

ဂိုဏ်းပေါင်းစုံစုဝေးပဲွဲ​ြကီးကိုရောက်ချလာပြီးဘာမပြောညာမပြောနဲ့အရက်လာသောက်တာဆိုပြီးပွဲထိုင်ကြည့်နေလေရဲ့။ခေါင်းဆောင်တွေလား...ဘာမှမပြောရဲဘူး။နိုင်မှမနိုင်ဘဲ။တိတ်တိတ်လေးကြည့်နေရုံပေါ့။ပြန်ကာနီးကျငြိမ်းချမ်းရေးယူမယ်ဆိုပြီးပြောသွားလေရဲ့။

ပြီးတော့လေ...နယ်စပ်မြို့လေးမှာဓားပြတိုက်ခံရလို့သွားဖမ်းတာ..သောက်ချီးလို...တစ်လောကလုံးကိုဝယ်နိုင်လောက်အောင်ချမ်းသာတဲ့နတ်ဆိုးဘုရင်ကြီးပါတဲ့။
ချီး..မင်းဘာတွေလုပ်နေတာလဲ..။ငါတို့တွေဉာဏ်မမီတော့ဘူး...ဝူး..ဝူး..(ငိုကြွေးသံ...)

ငပျင်းနတ်ဆိုးဘုရင်လေး၏ပြန်လည်မွေးဖွားခြင်း (ရပ်နား)Where stories live. Discover now