အပိုင်း (၆)

595 80 2
                                    


(Unicode)

စာသင်ခန်းထဲတွင်စားပွဲခုံပေါ်ခေါင်းစိုက်ထားရင်းကောင်းကင်ကြီးကိုငေးကြည့်ကာအန်းရွှယ်အတွေးများနေသည်။

သူ့ဘေးနားကအကြည့်စူးစူးတွေကိုတော့လျစ်လျူရှုထားလိုက်၏။နောက်ရက်တွင်ချန်အိမ်တော်၏လက်ရှိခေါင်းဆောင်သူ၏သွေးမတော်သားမစပ်ဉီးလေးပြန်ရောက်ပေမည်။တစ်ဆက်ထဲနိုင်ငံခြားရှိ ကုမ္ပဏီ တစ်ခုနှင့်စာချုပ်ချုပ်ဆိုနိုင်ခဲ့သဖြင့်ပါတီပွဲတစ်ခုရှိပေလိမ့်မည်။

သူ့အရင်ဘဝတွင်လည်းသူ့ဉီးလေးချန်ရန်းနှင့်တွေ့ဖူးသည်မှာလက်တစ်ဖက်နှင့်ပင်ရေတွက်၍ရသည်။

ဒါပေမဲ့သူတွေးနေတာကဒီအကြောင်းအရာတွေမဟုတ်။သူသိချင်တာကဒီဘဝမှာသူ့မိထွေးဘယ်လိုအကောက်ကြံမည်ဆိုတာကိုပင်။

ထိုပါတီကသူပထမဆုံးအရှက်ကွဲသည့်​ေနရာဆိုလဲမမှားပေ။ထိုအချိန်ကသူ့မိထွေးကသူ့ဉီးလေးနှင့်ဆက်ဆံရေးကောင်းစေရန်ဆိုသောရည်ရွယ်ချက်နှင့်လက်ဆောင်ပေးရန်ဖြောင့်ဖျခဲ့သည်။

သို့သော်ကလေးတစ်ယောက်ကဘာကိုဝယ်နိုင်မည်နည်း။အထူးသဖြင့်ဖခင်ကဂရုမစိုက်၊မိထွေးကသူ့ရဲ့လစဉ်စရိတ်ကိုအသိပင်မပေးဘဲခိုးယူထားတဲ့အချိန်မှာပေါ့။

ထို့ကြောင့်သူ့ရဲ့ယွမ်တစ်ရာပင်မကျော်သောလက်ဆောင်လေးမှာပါတီပွဲတစ်ခုလုံး၏ပျက်ရယ်ပြုစရာဖြစ်လာခဲ့သည်။မိသားစုလေးစု၏ခေါင်းဆောင်ချန်မိသားစုကကလေးကိုပင်မုန့်ဖိုးမပေးနိုင်ဘူးလားဆိုသည့်ကောလဟာလပင်ထွက်ပေါ်လာခဲ့၏။

သူ့မိထွေးကတော့အားလုံးရှေ့မှာမတရားခံရသူကြီးပမာပြုမူကာ သူမမပေးပါနဲ့လို့တားတာတောင်မရဘူးဟုပြောဆိုအသနားခံတော့၏သူ့မှာတော့ဘာမှမပြောနိုင်ဘဲကြောင်အလျက်သာရှိနေခဲ့သည်။ခင်ဗျားဘဲပေးခိုင်းတာမဟုတ်ဖူးလားဆိုပြီးလည်ပင်းထညစ်ချင်စိတ်ကိုထိန်းထားခဲ့ရသည်။

ထိုအချိန်ကစပြီးအထက်တန်းလွှာအသိုင်းအဝိုင်း၏ကြောက်မက်ဖွယ်ကောင်းပုံကိုသူစတင်သိရှိလာရတော့၏

"ဒေါက် ဒေါက်"

သူအတွေးလွန်နေသည်မှာလင်းယန်သူ့စားပွဲကိုလာခေါက်မှသတိဝင်တော့သည်။အတန်းထဲကိုဝေ့ပတ်ကြည့်လိုက်တော့တစ်ယောက်မှရှိမနေတော့။

ငပျင်းနတ်ဆိုးဘုရင်လေး၏ပြန်လည်မွေးဖွားခြင်း (ရပ်နား)Where stories live. Discover now