အပိုင်း (၇)

576 80 1
                                    

(Unicode)

အထက်တန်းလွှာအသိုင်းအဝိုင်းရဲ့ပွဲတော်တွေမှာများသောအားဖြင့်ရှေးဟောင်း ပစ္စည်းတွေ ပေးလေ့ရှိ၏။အခုခေတ်က ပစ္စည်းတွေ ကပိုက်ဆံရှိရင်ဝယ်လို့ရပေမယ့်ရှေးခေတ်ကဟာတွေကတော့ပိုက်ဆံပုံပေးရင်တောင်ဝယ်မရတာကများတယ်လေ။

အန်းရွှယ်သူ့အဖိုးချန်လုံရဲ့ကောင်းမှုကြောင့်ရှေးဟောင်းစျေးထဲရောက်နေသည်။လူအိုကြီးကသူ့မွေးစားသားကိုတော်တော်ချစ်တဲ့ပုံပါဘဲ။တစ်ခါတစ်ရံရှေးဟောင်းစျေးတွေထဲမှာရှေးဟောင်း ပစ္စည်းအသစ်တွေတွေ့ရတာကြောင့်သူ့သားကိုဝယ်ပေးဖို့ဆုံးဖြတ်ကာအန်းရွှယ်ကတော့ကြားညှပ်ကာပါလာခဲ့၏

အိမ်တော်ထိန်းဝမ်ကလည်းသူတို့မြေးအဖိုးနှစ်ယောက်နောက်ကနေကောက်ကောက်ပါအောင်လိုက်နေရသည်။ဘေးနားကကိုယ်ရံတော်နှစ်ယောက်မှာလဲအထုပ်ဆွဲကာအထမ်းသမားဖြစ်နေရသည်။

လူအိုကြီးကစီးပွားရေးလောကကိုကျောခိုင်းခဲ့ပေမယ့်သူ့ရန်သူတွေမနည်းကျန်နေပါသေးတယ်။ဒါကြောင့်ဘယ်ကိုသွားသွားကိုယ်ရံတော်နှစ်ယောက်ကနောက်ကနေလိုက်ပါနေရသည်။

ရှေးလောကဆိုသည့်ဆိုင်မှာရှေးဟောင်းစျေးတစ်ခုလုံးတွင်အကျော်ကြားဆုံးဖြစ်ကာရှေးဟောင်း ပစ္စည်းအစစ်များကိုလည်းမကြာခဏတွေ့ရတတ်သည်။

ဆိုင်အခင်းအကျင်းကလည်းသပ်ရပ်ကာနေရာကျယ်ဝန်းပြီးရှေးဟောင်းအငွေ့အသက်တို့နှင့်စုပုံနေ၏။ဝင်ဝင်ချင်းပင်brandများသာဝတ်စားထားသောလူချမ်းသာအချို့ကိုတွေ့လိုက်ရသည်။လူအိုကြီးမှာစီးပွားရေးလောကတွင်ကျော်ကြားရကားဆိုင်ရှင်ကိုယ်တိုင်ပင်ရောက်လာခဲ့သည်။

"အားယိုး..ဘယ်သူများလဲလို့..သခင်ကြီးချန်ပါလား..."

ဆိုင်ရှင်၏အသံကြောင့်ဆိုင်ထဲမှလူတချို့
ကလဲလှည့်ကြည့်လာပြီးပြုံးပြကာနှုတ်ဆက်လာကြသည်။

"ဒီဘက်ကသခင်လေးအန်းရွှယ်နေမယ်...ကြည့်ပါအုံးကြီးလာရင်လူချောဖြစ်မယ့်ပုံလေး..."

အန်းရွှယ်ချန်အိမ်ကိုရောက်လာကြောင်းအထက်တန်းလွှာတော်တော်များများကလဲသိနေကြပြီလေ။အထူးသဖြင့်တော့လူအိုကြီးချန်ရဲ့အရေးပေးခံရတဲ့မြေးတစ်ယောက်အနေနဲ့ပေါ့။

ငပျင်းနတ်ဆိုးဘုရင်လေး၏ပြန်လည်မွေးဖွားခြင်း (ရပ်နား)Where stories live. Discover now