အပိုင်း (၃)

650 80 4
                                    

(Unicode)

နေ့လည်စာစားချိန်တွင်အန်းရွှယ်ကန်တင်းမှာထိုင်ကာမှိုင်တွေနေသည်။သူ့မှာထမင်းစားကတ်ရှိပေမယ့်ဒီလောက်ရှိအရသာဆိုးဝါးလွန်းနေတဲ့အစားအသောက်တွေကိုစားချင်စိတ်မရှိပေ။သူကနတ်ဆိုးဘုရင်ဖြစ်ခဲ့ဖူးသူ။သူစားသမျှကထိပ်တန်းစာဖိုးမှုးတွေချက်ပြုတ်ထားတာ။ဒါတောင်အရသာကသိပ်ရှိတာမဟုတ်ဘူး။ဒါကြောင့်အချက်အပြုတ်ကိုရအောင်သင်ပြီးကိုယ့်လက်ရာကိုသာစားတတ်သူဖြစ်သည်။သေချာတာပေါ့အချက်အပြုတ်သင်ဖို့အတွက်နှစ်တစ်ထောင်လောက်အချိန်ယူခဲ့သည်။ကျင့်ကြံဆင့်အရအစားမစားဘဲနေလို့ရပေမယ့်မစားရင်ကိုတစ်ခုခုလိုနေသလိုဖြစ်နေတာကြောင့်အစားနဲ့ပါးစပ်မပြတ်ပေ။

တကယ်တော့ကန်တင်းကစားစရာတွေကအရမ်းကြီးဆိုးရွားနေတာတော့မဟုတ်ပေမယ့်ကျင့်ကြံသူတွေအတွက်အထောက်အကူမဖြစ်သည့်အပြင်ကျင့်ကြံရာမှာလည်းအညစ်အကြေးတွေစုပုံ​ေစလို့ကျင့်ကြံဆင့်တက်ရခက်ခဲတာကြောင့်ပင်။သူ့နယ်မြေထဲမှာဆေးပင်တွေရှိနေပေမယ့်
ချီပါဝင်တဲ့ဟင်းသီးဟင်းရွက်တွေ၊အသားတွေရှိမနေချေ။

'ငါစိုက်ပျိုးမွေးမြူရေးများလုပ်လိုက်ရင်ကောင်းမလား။အနည်းဆုံးတော့ဒီစားမကောင်းတဲ့ဟာတွေစားနေစရာမလိုတော့
ဘူးလေ....'

ကန်တင်းကစားစရာတွေကစားကောင်းတယ်လို့ချီးကျူးခံနေရတဲ့စာဖိုမှူး။ ။..ထောင့်မှာကပ်ကာထိုင်ငို....'ဝူး..ဝူး...ငါချက်တာကကောင်းပါတယ်...'

'ကြက်နဲ့ဝက်နဲနဲမွေးမယ်၊ငါကြိုက်တဲ့အရွက်တွေစိုက်မယ်။ရှလွတ်..စားရချည်သေးရဲ့..ဟီး..ဟီး..'

လောလောဆယ်တော့သူ့ရဲ့ဟောင်းလောင်းဖြစ်နေတဲ့ဗိုက်ကလေးကိုပွတ်သပ်ပြီးဘာစားရင်ကောင်းမလဲစဉ်းစားနေသည်။ကျင့်ကြံသူတွေကချီစုဆောင်းခြင်းအဆင့်၊ချီဖွဲ့စည်းခြင်းအဆင့်နဲ့အမြုတေဖြစ်ပေါ်​ြခင်းအဆင့်ကိုအောင်မြင်သွားမှအစားစားစရာမလိုတော့တာဖြစ်သည်။သူကအခုချီစုဆောင်းခြင်းအဆင့် (၂)ရဲ့အလယ်ဆင့်သာရှိသေးသည်။နောက်ထပ်ဆယ်နှစ်ကျော်ကျော်အချိန်ပေးမှထိုအဆင့်သို့ရောက်ပေလိမ့်မည်။

ငပျင်းနတ်ဆိုးဘုရင်လေး၏ပြန်လည်မွေးဖွားခြင်း (ရပ်နား)Where stories live. Discover now