အပိုင်း (၅)

603 76 3
                                    

(Unicode)

(သားကြီး)ချန်ထန်းခန်း+ခန်းအန်=ချန်ဝမ်
(သားလတ်)ချန်ထန်းတိုင်+မုန့်မန် (ဒုတိယဇနီး)=ချန်ဖန်း
(သားလတ်)ချန်ထန်းတိုင်+ဝမ်ခဲ့(ပထမဇနီး)=ချန်လဲ့
(သားငယ်)ချန်ထန်းကျန်း+မုန့်လန်=ချန်တဲ့၊ချန်ဟွား

ရှင်းကြရဲ့လား
**************
နတ်ဆိုးသဏ္ဍာန်ပြောင်းလဲ​ြခင်းသိုင်းကိုလေ့ကျင့်ရန်အတွက်နေရာတစ်ခုလိုအပ်ရာအင်တာနက်ပေါ်ကတစ်ဆင့်မြေကွက်ရောင်းဝယ်ရေး siteတွင်နေရာတစ်ခုရှာရပြန်သည်။

ငြိမ်သက်ပြီးလူနေအိမ်တွေနှင့်ဝေးကာသွားရလွယ်ကူသောနေရာလည်းဖြစ်ရမည်။ထိုအချက်တွေကိုအခြေခံကာရှာလိုက်တော့မြို့ပြင်ရှိစွန့်ပစ်ထားသောမြေကွက်တစ်ခုကိုတွေ့လိုက်ရ၏

လူတွေမနေတဲ့အကြောင်းအရင်းကတော့သရဲခြောက်၍ပင်။ထိုနေရာ၌ယခင်ကမိသားစုတစ်စုနေခဲ့ဖူးရာလောင်းကစားရှုံးသောဖခင်ကအရက်မူးပြီးသူ့ဇနီးနှင့်သမီးကိုအပိုင်းပိုင်းခုတ်ထစ်ကာသတ်ခဲ့၏။

ဖခင်ကမူထောင်ဒဏ်တစ်သက်တစ်ကျွန်းကျသွားကာတစ်နှစ်အတွင်းဆုံးပါးသွားခဲ့ရာထိုမြေကနိုင်ငံတော်ပိုင်ဖြစ်လာသည်။

သို့သော်ထိုနေရာတွင်နေဖူးသူများမှာသရဲခြောက်၍ထွက်ပြေးလာခဲ့ရခြင်းပင်။ထိုသူတို့ပြောစကားအရ ညအချိန်တွင်မီးဖိုချောင်ခန်းမှအသားခုတ်သံများအား'တဒုန်းဒုန်း'နှင့်ကြားရသလိုနေ့ခင်းအချိန်များတွင်လည်းချောင်တစ်ချောင်မှခြေပြတ်လက်ပြတ်များကိုရိပ်ခနဲ​ြမင်တွေ့ကြရသည်ဟု။

ထိုသတင်းထွက်လာချိန်မှစပြီးထိုအိမ်မှာနိုင်ငံတော်ပိုင်အဖြစ်သာဆက်ရှိနေကာတစ်ယောက်မှမဝယ်ရဲကြတော့။နိုင်ငံတော်ကတစ်ချို့သရဲဖမ်းဆရာများအားခေါ်ယူကာဖမ်းဆီးစေသော်လည်းဆရာများကမူ နောက်တစ်နေ့တွင်ရူးကြောင်ကြောင်ဖြစ်သွားကြသည်ချည်းပင်။

မြေကွက်ကိုကြည့်နေရင်းအောက်ကိုဆွဲချလိုက်တော့အိမ်အကြောင်းကွန့်မန့်တွေအများကြီးဖြစ်နေသည်။ထိုအကြောင်းတွေကြောင့်ဘယ်သူမှမဝယ်ကြတာဖြစ်မည်။ဘယ်သူမှကိုယ်အိပ်နေတုန်းခြေပြတ်လက်ပြတ်တွေကြောင့်လန့်မနိုးချင်ကြပေ။

ငပျင်းနတ်ဆိုးဘုရင်လေး၏ပြန်လည်မွေးဖွားခြင်း (ရပ်နား)Where stories live. Discover now