Chapter -46

11K 1.1K 24
                                    

Unicode

လော့ရှန်ဟွာ နိုးလာသည့်အခါမှာတော့ သူဟာ ကုတင်ပေါ်ရောက်နေသည်ကို သတိထားမိသွားတော့သည်။ဒါကြောင့် အိပ်ချင်မူးတူးဖြင့် သူဟာ ထလာပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ သူ့အခန်းမဟုတ်ဘဲ သူ့ဒယ်ဒီရဲ့အခန်းဖြစ်နေသည်ကို တွေ့လိုက်ရတော့သည်။ဒါပေမယ့် ဒယ်ဒီဟာ အခန်းထဲမှာ ရှိမနေတာကြောင့် သူလည်း ကုတင်ပေါ်ကနေ ဆင်းလိုက်ချိန်မှာ သူ့ရဲ့ကျောင်းဝတ်စုံအစား ညဝတ်ဝတ်စုံလဲထားသည်ကို တွေ့လိုက်ရတော့သည်။

"ဒယ်ဒီ လဲပေးထားတာလားမသိဘူး" သူပြောရင်း တံခါးဖွင့်ကာ အပြောကို ချောင်းကြည့်လိုက်သည်။အပြင်ဘက်သည်လည်း တိတ်ဆိတ်ငြိမ်သက်နေတာ ဘယ်သူမှကို မတွေ့ရပေ၊ဒါကြောင့် သူဟာ ခြေဗလာလေးနဲ့ တံခါးကနေ အပြင်ဘက်ကို ခုန်ပေါက်ကာ ခါးထောက်လိုက်ပြီး

"ဟားဟား... ငါတစ်ယောက်တည်းကွ!" လို့ ပြောလိုက်ချိန်မှာ သူရဲ့အနောက်ကနေ အသံကြားလိုက်ရတော့သည်။

"သခင်လေးတောင် နိုးနေပြီပဲ"

"မင်းဘကြီး!!!! အာ အဘိုးရန်ရှီ လန့်လိုက်တာဗျာ" အဘိုးရန်ရှီဟာ သူ့ဒယ်ဒီရဲ့အထိန်းတော်ကြီးဖြစ်ပြီး သူ့ဒယ်ဒီရဲ့အမေ့သူငယ်ချင်းဖြစ်ပြီး လော့ကျန်းပေ့ကို ငယ်ငယ်ထဲက ထိန်းကျောင်းလာသည့်သူဖြစ်သည်။

"သခင်လေး ခြေထောက်အေးနေမယ်" အဘိုးရန်ရှိဟာ ပြုံးပြုံးလေးနဲ့သာ သူ့ကို အိမ်တွင်းစီးအမွှေးပွဖိနပ်ချပေးလာတာကြောင့် သူလည်း ရှက်ရှက်နဲ့စီးလိုက်သည်။ အဘိုးရန်ရှီ မြင်တော့ မမြင်ဘူးမလား၊

"သခင်လေး ကိုယ့်ရဲ့အိမ်တော်မှာ ခုန်ပေါက်ကစားနိုင်ပေမယ့် လူသူရှေ့ဆို ဆင်ခြင်ဖို့မမေ့ပါနဲ့"

'မြင်သွားတယ်ဟ... သေရော ရှက်လိုက်တာ' လော့ရှန်ဟွာ ခေါင်းလေးကာ ညိတ်လိုက်ပြီး သူဟာ ရှက်လွန်းတာကြောင့် အဘိုးရန်ရှီကို ဆက်မပြောတော့ပေ၊ထမင်းစားခန်း​ရောက်​တော့ သူ့ဒယ်ဒီရှိမနေသည်ကို သတိထားမိလိုက်သည်။ကြည့်ရတာ ဒယ်ဒီက စားပြီးသွားပြီထင်တယ်၊

"သခင်ကြီးက အရေးကြီးကိစ္စရှိလို့ အပြင်ထွက်သွားတယ်" လို့ အဘိုးရန်ရှီစကားကြောင့် လော့ရှန်ဟွာလည်း ခေါင်းညိတ်လိုက်ပြီး အစေခံများ ချပေးလာသည့် ဟင်းများနဲ့ထမင်းကို စားသုံးတော့သည်။ အိမ်ထမင်းဟင်းက အကောင်းဆုံးပဲ ၊ သေချာနွှာပေးထားသည့် ကြက်သားမျှင်ကြော်ကို လော့ရှန်ဟွာ တူနဲ့ညှပ်လိုက်တာ အရသာခံစားလိုက်သည်။ထိုနောက် အခြားဟင်းလျာသုံး​၊​လေးမျိုးကို နှိုက်ယူကာ စားလိုက်ပြီး ထမင်းဖြူတလုတ်ကို ပါးစပ်ထဲသွင်းလိုက်သည်။

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now