LIE:10

548 37 6
                                    

ထယ်တစ်ယောက် ဂျောင်ဂုကရုံးမသွားရအမိန့်ထုတ်ထားကြောင့် အိမ်မှာလုပ်စရာမရှိ TVသာထိုင်ကြည့်နေရသည်။

"ဒေါ်လေးထယ်ကူလုပ်ပေးမယ်"

"ရပါတယ်ကွယ် ထယ်လေးကနေမကောင်းသေးတာနားနားနေနေ နေ"

"ထယ်နေကောင်းသွားပါပြီ ကူလုပ်ပေးချင်လို့ပါ နော်နော်"

"ကဲဟုတ်ပါပြီ လုပ်ချင်သပါ့ဆိုလည်းလုပ်"

ထယ်လည်းဒေါ်ကြီးနဲ့အိမ်အလုပ်တွေဝိုင်းလုပ်ပေးနေရင်းကားသံကြားလိုက်သည်။

ဂျောင်ဂုအစောကြီးပြန်လာဘဲ မဟုတ်မှလွဲငါ့ကိုစိတ်ပူလို့စောစောပြန်လာတာလား ကျစ် ငါဘာတွေတွေးနေတာလည်း။
ထယ်လည်းအတွေးတွေကိုရပ်လိုက်ပြီး လုပ်စရာရှိတာကိုလုပ်နေလိုက်သည်။

ဂျောင်ဂုတစ်ယောက်ကောင်မလေးနဲ့ရယ်ရယ်မောမောစကားပြောပြီးအိမ်ထဲဝင်လာသည်။
"ဒေါ်ကြီးဒီမှာဘယ်သူလည်းကြည့်"

"အော် သမီး ဂျက်စီကာဘဲ"
ဂျက်စီကာဆိုတာဂျောင်ဂုအဖေ ဂျောင်ဂုနဲ့စေ့စပ်ပေးထားတဲ့
ကောင်မလေးပေါ့ ဒါပေမဲ့သူနဲ့ထယ်ယောင်းရည်စားဖြစ်တဲ့သတင်းကြားပြီးထဲကနိုင်ငံခြားပြန်သွားတာ သူကအရမ်းsexyလည်းကျတယ် ဟော့ဟော့ရမ်းရမ်းလည်းဖြစ်တယ်ကောင်မလေးတစ်ယောက်လေ။

"ဒေါ်ကြီး ဂျက်စီကာကဒီကိုသုံးလေးလလောက်ပြန်လာတာ ဒီနေ့အိမ်မှာdinnerစားမှာ"

"ကျွန်တော်တို့ဧည့်ခန်းထဲမှာစောင့်နေမယ် ထမင်း ဟင်းတွေပြင်ပြီးရင်ခေါ်လိုက်ဒေါ်ကြီး"

ဂျောင်ဂုဂျက်စီကာ ပခုံးကိုဖက်လိုက်ကာနှစ်ယောက်သားဧည့်ခန်းဘက်ထွက်သွားကြသည် ဂျောင်ဂုတစ်ယောက်ထယ်ကိုရှိတယ်လို့တောင်မထင်။

နာရီဝက်လောက်လည်းကြာရော
"သားရေထမင်းဝိုင်းပြင်ပြီးပြီး လာစားလို့ရပြီနော်"

"ဟုတ်ဒေါ်ကြီး"

ဂျောင်ဂုနဲ့ဂျက်စီကာအခန်းထဲလည်းဝင်လာရော ထမင်းဝိုင်းမှာထိုင်ပြီးထမင်းစားဖို့လုပ်နေတဲ့ထယ်ကိုမြင်တော့

"ထယ်ယောင်း မင်း! ဧည့်သည်တောင်မစားရသေးဘူး"

"ဘာဖြစ်လည်းငါဟာငါဗိုက်ဆာလို့စားတာလေ"

"LIE"Where stories live. Discover now