LIE:15

548 21 0
                                    

ထယ်လည်းထမင်းပြင်ပြီတာနဲ့ ဂျောင်ဂုနဲ့သူဦးလေးကစားပွဲဆီရောက်လာပြီး လူကြီးကိုဦးချကာထယ်တို့လည်းစားကြသည်။

ထမင်းစားပြီးတော့ ရုပ်ရှင်ကြည့်ကြမယ်ဆိုပြီးသုံးယောက်သားထိုင်ကြည့်ကြရင်း ဂျောင်ဂုဦးလေးက ရုပ်ရှင်မကြည့်ဘဲဂျောင်ဂုနဲ့သာစကားပြောနေတယ်။ ထယ်လည်း အိပ်ငိုက်လာတာနဲ့

"ဂျောင်ဂု ငါသွားအိပ်တော့မယ်"

"အဲ့ဆိုကိုလည်းအိပ်တော့မယ်. . . "

"ငါ့တူကြီးကလည်းအခုမှတွေ့ရတာကွာ စကားလေးဘာလေးပြောကြရအောင်ကွာ"

"ဟုတ်သားဘဲ ဦးလေးနဲ့အခုတွေ့ကြတာ စကားအေးဆေးပြောကြဦး"
ဆိုပြီး ထယ်လည်းအပေါ်တက်တချိုးတည်းတက်သွားသည် နှူတ်ခမ်းဆူနေတဲ့ဂျောင်ဂုကိုတော့မမြင်လိုက် ....

စကားကြောဘယ်လောက်တောင်ရှည်သွားလည်းမသိ 11နာရီတောင်ထိုးသွားပြီ သူဦးလေးလည်းအိပ်တော့မယ်ဆိုတာနဲ့ဂျောင်ဂုလည်းအပေါ်ကိုတစ်ချိုးတည်းတန်းတက်လာခဲ့သည်။

သူ့အခန်းထဲဖွင့်ကြည့်တော့ထယ်ရှိမနေ အဲ့ဆိုထယ်သူ့အခန်းသူပြန်အိပ်တာနေမယ်ဆိုပြီး ထယ်အခန်းဆီထွက်လာခဲ့သည်။
ထယ်အခန်းထဲဝင်သွားတော့ သူထင်သည့်အတိုင်းစောင်မခြုံဘဲကွေးကွေးလေးအိပ်နေသည် ဂျောင်ဂုလည်းထယ်ဘေးနားသွားကာစောင်ခြုံပေးကာနဖူးပေါ်အနမ်းတစ်ချက်ပေးကာ သူပါဝင်အိပ်လိုက်သည်။

တရေးနိုးဂျောင်ဂုစမ်းကြည့်လိုက်တော့ သူ့ဘေးနားမှာဘယ်သူမှရှိမနေ သူလည်းနိုးလာကာ အောက်ထပ်ဆင်းလာခဲ့သည်။
မီဖိုးချောင်မှာရေသောက်နေတဲ့ ထယ်ကိုတွေ့လိုက်တော့ စချင်စိတ်နဲ့

"ဝါး !"

"Ahhhhhh !"

လူသေးသလောက်အသံကတော်တော်ကျယ်သည်
ဦးလေးနိုးသွားမှာကြောင့် ထယ်ပါးစပ်ကိုသူလက်နဲ့ပိတ်လိုက်သည်။

"ကိုလေ ကို"

ထယ်လည်း သူ့ပါးစပ်ပိတ်ထားတဲ့ဂျောင်ဂုလက်ကိုကိုက်ထည့်လိုက်သည်။

"စချင်အုန်း!"

"အ့ နာလိုက်တာ ကိုလက်ကိုကိုက်ရဲတယ်ပေါ့"

"LIE"Where stories live. Discover now