အပိုင်း(၂) / Zawgyi

48 5 0
                                    

...
မှောင်မိုက်နေသော ပတ်ဝန်းကျင်ကို လရောင်အချို့က ကျိုးတို့ကျဲတဲ အလင်းရောင် ဖေးကူထားသည်...
အင်းဆက်ပိုးကောင်လေးတွေ အသံမှ လွဲ၍ အချို့နေရာများတွင် ညဥ့်ငှက် အချို့၏ အသံမှ လွဲ၍ အချို့သောနေရာများတွင် အစောင့်တပ်သားတို့၏ ခြေသံမှလွဲ၍ ပကတိ တိတ်ဆိတ်လျက်ရှိသည်....

အချိန်ကား နာရီပြန်တစ်ချက်........./

တောင်အရပ်မှ တိုက်ခတ်လာသောလေပြည်သည် နွေး၏...ထိုအနွေးဓာတ်သည် မှောင်ရိပ်၌ မြင်းသုံးစီးဖြင့် တိတ်ဆိတ်စွာ ရပ်လျက်ရှိနေသော လူတစ်ယောက်ဆီ ထွေးပွေ့၏..ထိုည၌ မြောက်အရပ်မှ ဓူဝံကြယ်မှ အပ အခြား ကြယ်မရှိချေ...

'' ကိုယ်တော် နှစ်ပါး နန်းဆောင်က ချောချောမွေ့မွေ့ မှ ထွက်လာရ လွယ်ပါ့မလား ''

ဟု '' သိင်္ခ '' တစ်ယောက် တီးတိုးရေရွတ်မိသည်...

အမြင့် ၁၅ ပေကျော် ရှိသော နန်းဆောင် နံရံသည် အရပ် ၅ပေ ၉လက်မ ခန့်သာ ရှိသော လူတစ်ယောက်အတွက် ကောင်းကောင်း အကာအကွယ်ယူထားနိုင်သည် ဖြစ်၍ နန်းတော်အစောင့်တို့ အနည်းငယ်မျှ သတိမပြုမိကြချေ, ...

ထိုစဉ် မှောင်ရိပ်အတွင်းမှ လူနှစ်ယောက်စကားတစ်ပြောပြော နှင့် ခပ်ဖွဖွ လမ်းလျောက်သံ ကြားရ၏...

''သိင်္ခ'' လဲ ကိုယ်တော်တို့ရောက်လာချေပြီ ဟု တွေးလျက် ဝမ်းသာအားရထွက်ကြည့်လေရာ နန်းဆောင်မှ ကင်းလှည့်စောင့်ကြည့်နေသော အစောင့်တပ်မှုး နှစ်ယောက် ဖြစ်သည်ကို တွေ့ရသည်....

လွန်စွာတုန်လှုပ်သွားပြီး မြင်းကို အသံမထွက်အောင် ဇက်ကြိုးကို အသာကိုင်၍ နံရံနှင့် တစ်သားတည်း ဖြစ်စေရန် ကျောကပ်လျက် ပုန်းနေလိုက်သည်....

ထို စစ်သည်တို့ သည် တံခါးအပြင်မထွက်မချင်းသူ့ကို တွေ့နိုင်မည် မဟုတ်သော်လည်း မြင်း သုံးကောင်သည်ကား ထီးထီးကြီး ရှိနေလေသည်....

'' သွားပြီ ငါတော့ လူသတ်ရချေအူံးမှာပဲ ''

ဟူ၍ သိင်္ခ ရေရွတ်မိသည်....ထိုစဉ်

'' ရွီး...ရွှတ်.... အား ''

ဟူသော အာမေဋိတ် အသံအချို့ကြားလိုက်ရသည် နှင့် တစ်ပြိုင်နက် မြင်တွေ့လိုက်ရသည်က ''စန္ဒသူရိန် ''
မင်းသား ဖြစ်လေ၏....

ရွက်စွယ်တော် ညှိုးမှာစိုးပါရဲ့ {Ongoing}Where stories live. Discover now