အပိုင်း(၃) / Uni

56 11 0
                                    

မြင်းခွာသံက နီးသထက်နီးလာလေလေ             ဗန္ဓုဝဏ္ဏ ၏ လက်အစုံသည် စန္ဒသူရိန် ၏ လက်မောင်း ကို ကိုင်ထားသည်က ပို၍ တင်းလာလေလေ ဖြစ်သည်....

စန္ဒသူရိန် မှ သိင်္ခ အား တချက်ဝေ့ကြည့်လိုက်လေ လျှင် သိင်္ခ လဲ ညင်သာစွာ ခေါင်းကို ငြိမ့်ပြ ၍ ဓားအိမ်အတွင်းမှ ဓားကို အသံမထွက်စေရန် တရိရိ ဆွဲထုတ်လိုက်လေသည်.....

မြင်ကွင်းသည် ထင်ရှားပြတ်သားလာသည်....

ထိုမြင်းစီးလာသော သူသည် စင်စစ် တွင်ကား ဗိုလ်လေး သိင်္ခ ၏ သွေးသောက် တပ်မှုးငယ် ဖြစ်သော ''ငလောက်ဖျား'' ဖြစ်နေလေတော့သည်....

ထိုအခါမှသာ လျှင် သုံးဦးသား ခေါင်းချင်ဆိုင်လျက် ဖင်ထိုင်လျက် ကျသွားချေတော့သည်...

'' ကျုပ်တို့တော့ သည်တစ်ကြိမ် သေပြီပဲ မှတ်တာ.. ဗိုလ်လေးရေ... လက်စသက်တော့ ဗိုလ်လေး ရဲ့ ငယ်ကျွန်ရင်း ဖြစ်နေပါရော့လား ကွယ်...''

စန္ဒသူရိန်က ပြောလည်းပြော ရယ်လဲ ရယ်လိုက်သည်...

ဗန္ဓုဝဏ္ဏ ကတော့ အကြောက်မပြေသေးပုံရသည်...နှုတ်ဆိတ်နေ၏...

''ညီတော် ဘာမှ မစိုးရိမ်လင့်...''

" ငလောက်ဖျားကို သိင်္ခ မှ တဆင့် နန်းတွင်းက ဖြစ်ကြောင်းကုန်စင် လျောက်တင်ဖို့ ကိုယ်တော် တို့ နန်းမှ မထွက်ခင် ထဲက မှာခဲ့ ပြီးသားကွဲ့... "

" ဒီအရေးကြောင့် သူယခု ရောက်လာခြင်း ဖြစ်ပေမယ် ''

စန္ဒသူရိန် စကား ဆုံးသည် နှင့် တစ်ပြိုင်နက် ဗန္ဓုဝဏ္ဏ လဲ သက်ပြင်းရှည်ကြီး တစ်ချက် ချ လိုက်၍ ဓားလွတ်ကို ဓားအိမ် အတွင်းသိူ့ ဖြေးညင်းစွာ ပြန်လည် ထည့်သွင်းလိုက်သည်...

'' ဟဲ့ ငလောက်ဖျား.... နင် ရောက်လာတာ စောလျင်လှ ချည်လား.. ပဇာ  အချိန်မဆိုင်း လာရသနည်း...နင် တင်စရာ ရှိတာ တင်ပါလေ ''

''သိင်္ခ'' ၏ စကား အဆုံးတွင်
'' ငလောက်ဖျား'' မှ

'' မှန်ပါ....မင်းငယ် နှစ်ပါးနဲ့ ဗိုလ်လေးတို့ နန်းမှ ထွက်ခွာသွားသည်ကို တောင်နန်းဆောင်မှ သိကြောင်းပါ ဘုရား... "

" သို့တည်းကြောင့် ယခု မင်းငယ်တို့၏ အဆောင်မှ ရံရွေ ကိုယ်လုပ်တော် များနှင့်တကွ အိမ်တော် စောင့်များကိုပါ ဖမ်းဆီး၍ ကွက်မျက်ရန် ရည်ရွယ်နေကြကြောင်းပါ ဘုရာ့... "

ရွက်စွယ်တော် ညှိုးမှာစိုးပါရဲ့ {Ongoing}Where stories live. Discover now