အပိုင်း (၆) / Zawgyi

64 6 3
                                    

ပြိုင်တူ မြင်တွေ့လိုက်ရသော မြင်ကွင်းသည် ယုံနိုင်ဖွယ်မရှိသော်လည်း ဒိဌ မျက်မြင် ဖြစ်နေသဖြင့် အရှိအတိုင်းသာ လက်ခံရန်ဖြစ်သည်...

......လောင်းလုံစော်ဘွားကြီး စပ်ခွန်ချို လာချေပြီ...ထိုသူသည်ကား အခြားမဟုတ်...သူတို့နှင့် ရင်းနှီးခဲ့သူ ပင်....

'' အဖိုး...အဖိုးက စော်ဘွား....စော်ဘွားကြီး စပ်ခွန်ချို လားဗျ''

စန္ဒသူရိန် အထစ်ထစ် အငေါ့ငေါ့ မေးမြန်း လိုက်သည်တွင် သိင်္ခ မှ

'' အမှန်ပဲ မင်းသား...ကျွန်တော်မျိုးတို့ ညတည်းဖို့ ခွင့်တောင်းခဲ့တဲ့ တဲအိမ်ပိုင်ရှင်အဖိုးကြီးက စော်ဘွားကြီး ဖြစ်နေပါရော့လား ''

'' ဟုတ်ပ... သိင်္ခရယ်...မထင်မှတ်စရာပါ ကွယ်ရို့....ထားပါလေ....အဖိုး...အဲ စော်ဘွားကြီး ခင်ဗျာ... နန်းမ က မင်းသားနှင့် သစ္စာခံ တို့ စော်ဘွားကြီး ထံ ခိုလှုံခွင့် ပြုဖို့ တောင်းဆိုပါတယ်...''

ထိုအခါ စော်ဘွားကြီး စပ်ခွန်ချိုမှ တချက် ပြုံးလိုက်ပြီး ဟော်နန်းအတွင်း ဝင်ရန် ညွှန်ပြကာ ရှေ့မှ ဦးဆောင်လျက် အတွင်းသို့ ဝင်လေသည်......

အတွင်းရောက်မှ စော်ဘွားကြီးမှ ဦးစွာ....

'' နန်းမ မှ သတင်းများ တို့ ကြားပါရဲ့...မင်းသားတွေ အဖမ်းစီး အသတ်ခံနေရ နေချိန် တို့သွေးတို့သား ကဲ့သို့ ပူပန် ရပါတယ်... "

" ဒါကြောင့် တလိုင်းစပ်မှာ ကျွန်ုပ်ကိုယ်တိုင် မင်းသားတွေ ထွက်ပြေးလွတ်မြောက်လာလျှင် ကူညီတန်ကူညီဖို့ စောင့်နေခဲ့ တာ......ကဲလေ... ကျုပ်ဟော်နန်းကနေ လောင်းလုံနယ် အတွင်း အသင် မင်းသားတို့ ဘေးကင်းပါရဲ့...စိတ်အေးစွာ စံပါလေ''

'' ကျေးဇူး တင်ရှိရပါတယ်..စော်ဘွားကြီး...အသင့်ကျေးဇူးတရား နှစ်ကြိမ် ရှိပါပြီ ''

'' ကဲ ခွန်သာ.... မင်းသားတို့ တည်းခိုရန် အတွက် မောရှူး ဆောင်ကို ပို့ဆောင်ပေးလိုက်ချေ...ဟော်နန်းမှ အမှုတော်ထိန်းများ အားလုံး နာခံကြပါစေ.... "

" ယခု ရှေ့တော်၌ ရှိနေသော မင်းသားငယ် နှင့် သစ္စာတော်ခံ ကို အထူး စောင့်ရှောက်ကြ... ကျုပ် ဟော်နန်းတော် ကို တံခါးမရှိ ဓားမရှိ ဝင်စေ...ထွက်စေ...ပြီးရင် ဟော်နန်းမှ အပြင်ဘက် ဓားချက် ဖြင့် အသက်မသေစေရ...''

You've reached the end of published parts.

⏰ Last updated: May 12, 2022 ⏰

Add this story to your Library to get notified about new parts!

ရွက်စွယ်တော် ညှိုးမှာစိုးပါရဲ့ {Ongoing}Where stories live. Discover now