အပိုင်း (၄) / Uni

50 8 0
                                    

လွန်ခဲ့သော နာရီအနည်းငယ် ခန့်က ရယ်မောသံတွေ နဲ့ ပြည့်လျှံနေသော ပတ်ဝန်းကျင်သည် ယခုမူ ငရဲခန်းသဖွယ် ဆူပွက်နေ၏........

'' ဟေ့ တစ်ယောက်မှ မချန်မိစေနှင့်...အကုန် အရအမိ ဖမ်း...ရှေ့တော်သွင်း ကြ ''

ဗျစက္က ၏ အသံသည် မိုးကြိုးသွား နှယ် ညဥ့်၏ တိတ်ဆိတ်မှုအလှတရားကို ထိုးဖောက် သွားသည်.....

ရဲမက်များ တဲအိမ်အတွင်း ဝင်ရှာ ၍ မိနစ်ပိုင်းခန့် အကြာတွင် ပြန်ဆင်းလာကြပြီး ရဲမက် ခေါင်းဆောင်ဖြစ်သူမှ

''တင်ပါသည် ဘုရား...တဲအတွင်းဝယ် ပစ္စည်း အချို့မှ လွဲ၍ လူသူကင်းကြောင်း ပါဘုရား... "

" နေရာ အနှံ့ ရှာဖွေပြီး ဖြစ်သော်လည်း တစ်စုံတစ်ယောက် မှ မတွေ့ရကြောင်း ပါ ဘုရား ''

'' သယ်....ဟဲ့ ငလောက်ဖျား....နင် ပြောတော့ အတိအကျ အမိအရ ရှိတယ် ဆို. ..ယခုတော့ ဘယ်မလဲ.... လိမ်ညာ လျောက်တင်ဝင့်လေ သလား..ဟဲ့ ငမိုက်သား ဖြေ စမ်း ''

'' ထားရင်လဲ နေရပါမည်...သတ်ရင်လဲ သေရပါမည် ဘုရား... "

" အတူတကွရှိခဲ့သည်မှာ အမှန်ပင် ဖြစ်ပါ၏... သို့ရာတွင် လူသူလေးပါး ကင်းနေရခြင်းသည်ကား ကျွန်တော်မျိုးတို့ အကြံ သင်းတို့ လက်ဦးမှုရသွားပုံ ပေါ်ပါတယ် ဘုရား ''

'' ဘုရားကျွန်တော်မျိုး မကွယ်ဝှက်ဝံ့... သက်သေတည်စရာ ဟိုးဒေါင့်က စမြည်းတိုင် အောက်ခြေ မှာဖြင့် ဗိုလ်မှုး သိင်္ခ ဆေးပြင်းလိပ်မှ ကြွေကျသော ပြာမှုန်များပင် အထင်အရှား ရှိပါ ဘုရား ''......

'' ကောင်းပြီလေ...ရဲမက်တို့ ဒင်းတို့တွေ တလိုင်းဘက်ကို ကူးယုံနှင့် ဗျစက္က လက်က လွတ်ပြီထင်လေရဲ့... ယခု သင်းတို့ မြင်းများသည်ပင် တိုင်ရင်း၌ ချည်လျက်သား ရှိနေတဲ့အတွက် ခြေလျင်ခရီး ပြေးပုံထောက်တော့... "

" ငါတို့ လိုက်ရင် မှီကောင်းသေးတယ်..ယခုပင် မဆိုင်း ဒီကထွက်..... တပထွန် ဘက် လိုက်ကြစို့ရဲ့ ''

အမိန့်ပေးသံ အဆုံး၌ မီးတုတ်ကိုင် ရဲမက်များ နှင့် တကွ မြင်းစစ်သည်များ အပါအဝင် ဗျစက္က နှင့် ငလောက်ဖျားတို့ ထွက်ခွာသွားကြလေ သည်.....

ရွက်စွယ်တော် ညှိုးမှာစိုးပါရဲ့ {Ongoing}Where stories live. Discover now