အပိုင်း-1

1.6K 62 14
                                    

#Uni

"ဖေဖေ​နဲ့မေမေ ဘယ်သူကိုပိုချစ်လဲ ''

"မေမေ...''

မေမေ့အသိတစ်ယောက်ကမေးလာတဲ့အခါ ပြန်ဖြေမိတဲ့စကား။ အသက်အားဖြင့်၁၀နှစ်ကျော်​ပြီဆိုပေမဲ့ အခုချိန်ထိဘယ်သူကိုပိုချစ်လဲမေးလာခဲ့ရင် မေမေကိုပဲရွေးချယ်​ဖြစ်ခဲ့တယ်။

"သမီးဖေဖေကိုရော...''

"မုန်းတယ် ''

"ဟဲ့ သမီး ဘာတွေပြောနေတာလဲ...ဒီလိုအမရေ သမီးကသူ့အဖေနဲ့ ခုနကရန်ဖြစ်ထားလို့ရယ်...''

"သြော် အေးပါ...အမသွားစရာရှိလို့ နောက်မှတွေ့မယ်နော် ''

မေမေကတော့ အဲ့အန်တီကြီးအနားကထွက်သွားတာနဲ့ လူကိုခေါင်းလာခေါက်ပြီး

"အဲ့လိုဖြေစရာလား ''

"ဘာဖြစ်လဲ အမှန်ပြောတာကို ''

"နင့်အဖေကငါတို့အပေါ် ဒီလောက်ကောင်းတာဟယ် ''

"ငွေပဲရှာနေပြီး သမီးတို့ကိုအချိန်မပေးတဲ့အဖေမျိုးမလိုချင်ဘူး ''

"ပိုပိုနော် မေမေပြောထားတယ်လေ...နင့်အဖေခုလိုရှာနေတာ နင်နဲ့နင့်မောင်လေးအတွက်...''

"မာမား...''

"အို...သားငယ်လေး ဒီနေ့မူကြို​ကျောင်းမှာပျော်ခဲ့ရဲ့လား...''

"ဟုတ်ကဲ့ အများကြီးဆော့လာတယ် ''

မောင်လေးက၄နှစ်တောင်ရှိပြီဆိုတော့ ​မေမေတို့က မူကြိုပို့ထားတယ်လေ။ ပြောသာပြောတာ ကိုယ်ကဘုကလန့် လုပ်ချင်ရာကိုဇွတ်လုပ်တတ်သလို မိသားစုနဲ့ပူးပူးကပ်ကပ်နေတာထက် တယောက်ထဲနေတတ်ပေမဲ့

မောင်လေးကတော့အဲ့လိုမဟုတ်ဘဲ မိဘတွေကိုအရမ်းချွဲပြီး ချစ်စရာလဲကောင်းတယ်။ ပြောစကားအရမ်းနားထောင်တော့ မေမေ့ရဲ့အသဲကျော်လေးပေါ့။

ပြောရအုံးမယ်။ ပိုပိုနာမည်က မူယာပိုလို့ခေါ်ပါတယ်။ မောင်လေးနာမည်က လမင်းမောင်မောင်၊ ပိုပိုနဲ့ဆို ၆နှစ်ကွာတယ်လို့ မေမေကတော့ပြောတာပဲ။

မေမေနာမည်က မောင့်ပျိုမေ၊ ဖေဖေနှင့်မေမေက ငယ်သူငယ်ချင်းတွေလို့တော့ ပြောတာပဲ။ ညဘက်ရောက်ရင် အိပ်ရာဝင်ပုံပြင်လိုမျိုး မေမေကဖေဖေနဲ့ သူ့အကြောင်းကိုပြောပြတတ်တယ်လေ။

မုန်းခဲ့ပါတယ် ဖေဖေရယ်(Completed )Where stories live. Discover now