အပိုင်း-8

373 39 8
                                    

#Uni

မြူတွေဆိုင်းနေတဲ့နေရာတစ်ခု

ဘယ်လိုဖြစ်ပြီး မူယာကဒီကိုရောက်လာရတာလဲ။ ခုနကအထိ ဖုန်းသုံးပြီး အိပ်သွားခဲ့တာကို မှတ်မိပါ​သေးတယ်။ အခုဘယ်နေရာကိုရောက်နေရတာလဲ။

"မြေး ပိုပို ''

အသံကိုအတော်ရင်းနှီးနေတာကြောင့် ဘေးကိုလိုက်ကြည့်ခဲ့ပေမဲ့ အဖြူရောင်မြူတွေကလွဲရင် ဘာမှမမြင်ရပါလား။

"မျက်စိနဲ့ကြည့်ရင်​တော့ ဘယ်မြင်ရပါ့မလဲ... နှလုံးသားနဲ့ကြည့် ''

"ဘယ်သူလဲ...''

"မေးခွန်းတွေထုတ်နေတာထက် အဖြေကိုရှာပါ...အဖြေက မြေးရဲ့အရှေ့မှာရှိပါတယ် မြေးရယ် ''

"ဘွား...ဘွားဒေါ်လား...''

"အမုန်းတရားတွေကို လက်ကိုင်ထား​ကြတဲ့အခါ မျက်ကန်းတစ်ယောက်လိုဖြစ်သွားတတ်တယ် မြေး...''

"....''

"ခွင့်လွှတ်လိုက်ပါ...အားလုံးကိုခွင့်လွှတ်လိုက်ပါ ''

"အမုန်းတရား...ခွင့်လွှတ်ရမယ်....''

"အားလုံးကိုခွင့်လွှတ်တယ်လို့တွေးပြီး နှလုံးသားနဲ့ မြင်အောင်ကြည့်ပါ မြေး''

ဘယ်သူလဲမသိတဲ့ အသံပိုင်ရှင်ပြောတဲ့အတိုင်း မျက်လုံးမှိတ်ရင်း အားလုံးကိုခွင့်လွှတ်လိုက်ပြီလို့ တွေးနေခဲ့ပြီး မျက်လုံးလည်းပြန်ဖွင့်လိုက်ရော။

"ဝိုး...ဒီနေရာကသိပ်ကိုလှတာပဲ ''

အမြင့်ဆုံး တောင်ထိပ်ကြီးတစ်ခုပေါ်မှာ ကိုယ်ကရပ်နေပြီး အရှေ့ကမြင်ကွင်းတွေကသိပ်ကိုလှတယ်။ ထူးဆန်းတာကတော့ ကိုယ့်ရဲ့အနားမှာ ပိုးစုန်းကြူးလေးတွေလို အဝါရောင်အလင်းစက်လေးတွေက ပျံဝဲနေတာရယ်။

ကြည့်ရသလောက် အဲ့အလင်းစက်လေးတွေက ကိုယ့်အနားမှာ ဘယ်ယိမ်းညာယိမ်းနဲ့ လေတိုက်ရင်တောင်မလွင့်သွားတာကြောင့် ကိုင်ကြည့်မလို့ ဟန်ပြင်လိုက်ချိန်

"မြေး...''

အနောက်ကနေ ပခုံးကို တ​ယောက်​ယောက်က လာကိုင်လိုက်ရတာကြောင့် လှည့်ကြည့်လိုက်တော့

မုန်းခဲ့ပါတယ် ဖေဖေရယ်(Completed )Where stories live. Discover now