ဇာတ်သိမ်း

617 45 17
                                    

#Uni

"နောက်ထပ် ဘယ်သူ့ကိုမှထပ်မမုန်းချင်တော့ဘူး...''

"...''

"ချစ်တတ်အောင်သင်ယူရဦးမယ်...အခုဆို ကိုယ့်ကိုယ်ကိုချစ်တတ်အောင်သင်ယူနေပါပြီ ''

ပြောလိုက်တော့ မေမေကပီတိအပြုံးလေးနဲ့လှည့်ကြည့်လာသလို မောင်လေးကလဲလက်မောင်းကိုလာကိုင်ရင်း လက်မလာထောင်ပြတယ်။

"ဖေဖေဒီနေ့ အရမ်းပျော်ရတာပဲကွာ ''

ကြည့်ပါဦး။ ဖေဖေကနောက်ကြည့်မှန်ကနေ အ​နောက်​က မူယာ့ကိုလှမ်းကြည့်ပြီး ပြောလာတာကြောင့် မှန်ထဲကဖေဖေ့ကို ကြည့်လိုက်မိတော့ ပြုံးနေပေမဲ့ မျက်ရည်တွေနဲ့ပါလား။

"နောက်ဆို ပိုပျော်ရမှာပါ ဖေဖေရယ်...''

ဘဝတလျှောက်လုံး ဖေဖေငိုတာကို ဆယ်တန်းအောင်တယ်ဆိုတာ သိရတုန်းကတကြိမ်။ အခုတကြိမ်နဲ့ပေါင်းမှ နှစ်ကြိမ်သာမြင်ဖူးခဲ့ပေမဲ့ အသည်းမာတဲ့ဖေဖေက၊ ငိုခဲတဲ့ဖေဖေက ကိုယ့်ကြောင့်နဲ့နှစ်ခါတောင်ငိုခဲ့တာပါလား။

မီးစိမ်းသွားတာကိုမြင်တော့ ဖေဖေဟာမျက်ရည်စတွေကိုသုတ်လိုက်ပြီး ကားဆက်မောင်းနေတာကြောင့် ကားအပြင်ဘက်ကို လှည့်ကြည့်လိုက်မိတဲ့အချိန်

သိပ်ကိုလှတာပဲ။ ငါဘာကြောင့်များ ဒီအလှတရားတွေကိုမမြင်မိခဲ့ရတာလဲနော်။ အသက်နှစ်ဆယ်ကျော်ခဲ့ပေမဲ့

ဘဝတလျှောက်လုံးမှာ တွေ့သမျှလူတိုင်းကိုမုန်းသာမုန်းနေခဲ့ပြီး အပူတွေကိုသာရင်ဝယ်ပိုက်ထားမိခဲ့တဲ့ မူယာက သိပ်ကိုရူးမိုက်ခဲ့တာပဲနော်။

အခုတော့အားလုံးကို နားလည်ပေးလိုက်ပါပြီ။ လူတိုင်းကအမှားနဲ့​​တော့ ဘယ်ကင်း​နိုင်ပါ့မလဲ။ သူများကိုမချစ်ခင် ကိုယ့်ကိုယ်ကိုချစ်တတ်အောင် အခုကစ​ပြီး အရင်သင်ယူနေရပြီမလား။

ကိုယ့်ကိုမချစ်နိုင်တဲ့သူကိုဆက်မမျှော်လင့်တော့သလို ကလေးဘဝက ကိုယ့်အပေါ်ရက်စက်ခဲ့တဲ့သူတွေကိုလဲ ဆက်မမုန်းတော့ဘဲ ခွင့်လွှတ်လိုက်ပါပြီ။

ဘဝတလျှောက်လုံး ဖေဖေကိုမုန်းခဲ့သမျှ အခုဆိုမိသားစုကို အချိန်ပေးရင်း ဘဝမှာအကောင်းမြင်တတ်အောင်ကြိုးစားရအုံးမယ်။

မုန်းခဲ့ပါတယ် ဖေဖေရယ်(Completed )Where stories live. Discover now