အပိုင်း-2

570 39 12
                                    

#Uni

"ငါ့အဝတ်ပါ လျှော်ပေး...''

"ရား...နင့်ဟာနင်လျှော်ပေါ့ ''

"ဘာပြောလိုက်တယ်...ငါ့အဘွားအိမ်မှာလဲနေသေး...ငါ့ကိုပြန်အော်​နေတာလား...''

"အော်တယ်ဟာ...နင်အရမ်းလူပါးဝလွန်းတယ်..''

"အေး...ပြောမကောင်းတော့လဲ ဒီမှာဘာလဲကြည့်...''

အမတစ်ဝမ်းကွဲဖြစ်သူ နှင်းဧကရီက လက်ကိုရှေ့ထုတ်ပြလိုက်တော့ သူ့လက်ထဲမှာကိုင်ထားတာက တီကောင်ကြီး။ တီကောင်ကလက်ထဲက​နေ ရုန်းနေသလို ဘယ်ယိမ်းလိုက် ညာယိမ်းလိုက်လှုပ်နေပြီး မြင်နေရတာနဲ့တင် တကိုယ်လုံးကိုလာကပ်သလို ခံစားရတာကြောင့်

"အား....အဘွားရေ....ရား...တိုးမလာနဲ့ သွား...''

ပြောလေကဲလေ ဆိုတဲ့စကားအတိုင်း အမကပိုပိုကြောက်မှန်းသိတော့ အနားတိုးရင်း မျက်နှာနားလာကပ်တာကြောင့် အနောက်ကိုဆက်ဆုတ်ချင်ပေမဲ့ ဆုတ်စရာနေရာဆိုလို့ ရေကန်ထဲခုန်ချမှသာရတော့မယ်။

"လျှော်ပေးမှာလား...''

"ရား...အနားမကပ်ပါနဲ့ တောင်းပန်ပါတယ် လျှော်ပေးပါ့မယ်...လျှော်ပေးပါ့မယ်...အနားမကပ်လာပါနဲ့.....''

"အစကတည်းကလိမ္မာလိုက်ရင် ခုလိုကြောက်နေရမှာမဟုတ်ဘူး ''

ပြောလိုက်ပြီး တီကောင်ကို ပိုပိုလျှော်နေတဲ့အဝတ်တွေအနား ပစ်ချမလိုလုပ်နေတာကြောင့်

"ခဏလေး...ဝေးဝေးမှာသွားပစ်ပေးပါဟာ...တောင်းပန်ပါတယ်...''

ခုဆို မျက်ရည်တွေပါးမှာရွှဲနေပြီး တကိုယ်လုံးတုန်တုန်ရီရီဖြစ်နေတဲ့ပိုပိုကို အမကအောင်နိုင်သူကြီးတစ်​ယောက်လို ပြုံးပြရင်း

"ပြီးရောလေ...နောက်တစ်ခါငါ့ကိုပြန်ခံပြောရင် နင့်အိပ်ရာထဲ တီကောင်တွေအများကြီးလာထည့်ပစ်မယ်...''

"....''

"ဟုတ်ကဲ့လို့ ပြန်ပြောစမ်...''

"အဟင့်...ဟုတ် ဟုတ်ကဲ့ ''

တီကောင်ကြီးကိုကိုင်ရင်း အမနှင်းဧကရီ ထွက်သွား​တော့မှ ဒူးထောက်ထိုင်ချလိုက်ရင်း ရင်ဘတ်လေးကိုဖိပြီး ငိုနေမိတယ်။ ပါးစပ်ကလဲတဖွဖွ

မုန်းခဲ့ပါတယ် ဖေဖေရယ်(Completed )Where stories live. Discover now