အပိုင်း-6

387 34 16
                                    

#Uni

"ဘွားဒေါ်  နှင်းပြောလို့ရလား ''

"နင့်အမကနင်နဲ့ပြောမလို့တဲ့ ''

"မူယာပို ငါပါ နှင်းဧကရီ...နင်နေကောင်းလား ''

အစကတော့ ပြန်မဖြေတော့ဘူးလုပ်ပေမဲ့ အဲ့လိုလုပ်ရင် ကိုယ်ကလူဆိုးကြီးဖြစ်သွားမှာပေါ့။

"အင်း...နင်ရော ''

"ကောင်းတယ် နင်မရှိတော့လဲပျင်းစရာကြီး...ရန်ဖြစ်ရမဲ့သူလဲမရှိဘူး...အခုဆိုမမနဲ့ရန်ဖြစ်လိုက် အငယ်မနဲ့ရန်ဖြစ်လိုက်နဲ့ ဟာ ဟား..''

စကားမရှိစကားရှာသလို ရယ်သံကလဲခြောက်ကပ်ကပ်နဲ့ ဟန်လုပ်ပြောနေတာများ၊  အမှန် နင့််ခိုင်းဖက်ကြီးမရှိလို့မလား။ ပြန်မဖြေတော့ ခဏအသံတိတ်သွားပြီးမှ

"ငါနင်ရေးထားတာကို ဖတ်ပြီးပြီ..''

"....''

"ငါ့ကိုဘွားဒေါ်ပြတာ...''

"အဲ့တော့ ဘာပြောချင်တာလဲ ''

"ငါ့လုပ်ခဲ့တာတွေကသိပ်များတော့ နင်ငါ့ကိုမုန်းနေမှာပေါ့ ''

မုန်းတာပေါ့။ တံမြက်စည်းနဲ့ရိုက်ခဲ့တဲ့နင့်ပုံရိပ်တွေ၊ နင့်ခုံပေါ်စာအုပ်တင်မိရာကနေ ရန်ဖြစ်​ကြရင်း ငါ့ကိုပိတ်ကန်ခဲ့တာကိုရော။ ရင်နာစရာကောင်းတာကိုပြော​ပြရမယ်ဆို

အကန်ခံနေရတုန်းက ဘေးမှာရှိတဲ့ အဘွားဖြစ်သူကို အားကိုးတကြီးကြည့်ခဲ့ပေမဲ့ ဘာမှမကြားသလို ဟန်ဆောင်ရင်း ရုပ်ရှင်အကြည့်မပျက်ခဲ့တဲ့ အဘွားရဲ့ပုံရိပ်တွေ။

အမြဲလိုလိုတီကောင်ပြပြီး နင်ခိုင်းသမျှလုပ်ပေးခဲ့ရတာတွေ၊ အိပ်ခန်းရှေ့မှာ တီကောင်လာချထားတာတွေတင်မက နောက်ဆုံး စောင်လုခဲ့ရတာကိုပါ အခုထိတွေးမိတိုင်း ရင်ထဲကတဆစ်ဆစ်နဲ့နာလိုက်တာများ။

"ငါမမုန်းပါဘူး ''

ဒါပေမဲ့ အမှန်တရားကိုဘယ်ပြောနိုင်မလဲ မပြောရဲတာဆိုပိုမှန်မယ်။ နင်တို့လုပ်ခဲ့တဲ့လုပ်ရပ်တွေက ငါ့ကိုအိမ်မက်ဆိုးကြီးတစ်ခုလို အခုထိခြောက်လှန့်နေတုန်း။

အိပ်ရမှာတောင် ကြောက်​​နေခဲ့ရတာပါ။ အိပ်ပျော်သွားရင် အရင်ကအချိန်တွေကိုပဲပြန်မြင်ယောင်နေတာကြောင့် အိမ်မက်ဆိုးကြီးကလန့်နိုးတိုင်း ငါ့ကိုယ်ငါမှန်ကြည့်ရင်း

မုန်းခဲ့ပါတယ် ဖေဖေရယ်(Completed )Where stories live. Discover now