Chapter(1)

9.3K 770 10
                                    

《ယောက်ျားလေးကိုယ်ဝန်ဆောင်》

Unicode

"တီ တီ တီ..."

"ဂျောက်"

လီရှီ တတီတီမြည်နေတဲ့နှိုးစက်နာရီကို လက်ဖြင့်ပိတ်လိုက်ပြီး အိပ်ရာထဖို့ရုန်းကန်ကာ မျက်လုံးများမှိတ်ထားလျက် ခဏလောက်ကုတင်ပေါ်တွင်ထိုင်ပြီးမှ စောင်ကိုမ၍ ကုတင်ပေါ်ကဆင်းလိုက်သည်။

မနေ့ညက စာမူအတွက်အလျင်စလိုဖြစ်နေတာကြောင့် သူတစ်နာရီမှအိပ်ရာဝင်ပြီး နှိုးစက်နာရီကို ငါးနာရီမှာ သတ်မှတ်ထား၍ လေးနာရီလောက်ပဲအိပ်ရသေးသည်။ ဒီအချိန်ကအိပ်လို့ကောင်းနေတဲ့အချိန်ဖြစ်တာမို့ အတင်းအကျပ်အိပ်ရာထဖို့ခဲယဉ်းတယ်ဆိုတာ ပြောမနေပါနဲ့တော့။

လီရှီဟာ single fatherတစ်ဦးဖြစ်တယ်။ သားဖြစ်သူကို ပြုစုစောင့်ရှောက်ရတာမို့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က အလုပ်ကထွက်ပြီး အင်တာနက်မှာ ဝတ္ထုရေးဖို့စတင်အာရုံစိုက်ခဲ့ရာကနေ အချိန်ပြည့် စာရေးဆရာဖြစ်လာခဲ့တယ်၊ လက်ရှိဝင်ငွေကတော့ အတော်အတန်ကောင်းနေသေးသည်။ သူ အမြဲတမ်း နောက်ကျမှမအိပ်တတ်ပေမယ့် မနေ့ညက ရုတ်တရက်ကြီး အယ်ဒီတာက စာမူကို အလျင်စလိုတင်ခိုင်းတာကြောင့် အိပ်တာအရမ်းနောက်ကျသွားရတာပင်။

သူထပြီး သားဖြစ်သူကိုတစ်ချက်အရင်သွားကြည့်လိုက်တယ်။ လီကျွင်းကော်သည် ဝက်ပေါက်လေးလိုစောင်အောက်တွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေ၏။ လီရှီ တံခါးကို အသာလေးပိတ်၍ ပြန်လာပြီးမျက်နှာကိုဆေးကြောကာ မနက်စာပြင်ရန် မီးဖိုချောင်သို့ သွားလိုက်သည်။

မနက်ခြောက်နာရီကျော်တော့ လီကျွင်းကော် အိပ်ရာထလာတဲ့အခါ သူ့မနက်စာလည်းအသင့်ဖြစ်နေပြီ။

အစက ဒီလောက်စောစောထဖို့ မလိုအပ်ပေမယ့် ဒီနေ့တော့ သူအင်တာဗျူးသွားဖြေရမည်ဖြစ်ကာ မနေ့ကလည်း သူ့မှာစာမူအတွက်နဲ့အလုပ်ရှုပ်နေ၍ အစားအသောက်စီမံဖို့ အချိန်မရှိတာကြောင့် စောစောထခဲ့ရတာပင်။

လီကျွင်းကော်သည် မူကြိုက ရှောင်ဟုန်ကိုယ်ပေါ်၌ ဦးချိုဖရဲသီးနှင့် ကြက်ဥအစာသွပ် ပေါင်မုန့်လုံးအနံ့များရကြောင်း မနေ့ကသူ့ကို ပြောပြခဲ့သည်၊ စကားပြောပြီးနောက် သူ့ကို တစ်ချက်ကြည့်လာ၏၊ နားလည်ပြီ၊ လီရှီသိလိုက်ပါပြီ၊ ဒီကောင်လေးက ချိုဖရဲသီးနဲ့ ကြက်ဥအစာသွပ်ပေါင်မုန့်လုံးတွေကို စားချင်နေပြီဆိုတာ။

အစားထိုးအိမ်ထောင်ရေး(MM Translation){Completed}Where stories live. Discover now