Chapter(17)

3.6K 516 6
                                    

《အကြံဥာဏ်ပေးတာကို နားမထောင်ရင်နားထောင်အောင်လုပ်ရုံပဲ》

Unicode

အလုပ်ကဆင်းလာပြီးတဲ့နောက် လီရှီသည် အလွန်စိတ်ပျော်ရွှင်နေမိသည်။ ယနေ့တွင်
သူသည်ပျော်ရွှင်မှုနှစ်ဆဖြစ်နေခဲ့သည်။
စာမူခအပြင် လစာကိုပါ ထိုနေ့တွင်ပင် ထုတ်ပေးလိုက်၍ သေးငယ်သော ဘဏ္ဍာတိုက်လေးဖြစ်နေပြီး ဒါက အလွန်
လုံလောက်နေပြီဖြစ်သည်။

ကုန်စုံစျေးသို့ စျေးဝယ်ယူရန်သွားရာလမ်းတွင် ကိတ်မုန့်ဆိုင်ရှေ့မှာ သူရပ်လိုက်သည်။ ပြီးခဲ့တဲ့နှစ်ရက်အတွင်းက လီကျွင်းကော်
သည် သူ့အား ကိတ်မုန့်လိပ်စားချင်သည်
ဟု ပူဆာခဲ့သည်။

လီရှီက ထိုကလေးသည် မည်မျှ လောဘကြီးသည်ကို ဝန်မခံသေးကြောင်း သတိရသောအခါမပြုံးဘဲမနေနိုင်ပေ။

ဤကိတ်မုန့်ဆိုင်သည် အလွန်နာမည်ကြီး
၍ စျေးနှုန်းသည် အလွန်မြင့်သော်လည်း အရသာရှိသည်။ လီရှီက ထိုဆိုင်မှ အကြိမ်ကြိမ်ဝယ်ကျွေးခဲ့ပြီး ဇီဇာကြောင်တဲ့ လီကျွင်းကော်ကိုတောင် အနိုင်ယူနိုင်ခဲ့တယ်။

သူက ကိတ်မုန့်လိပ်ကို မှာထားပြီး လတ်လတ်ဆတ်ဆတ် ဖုတ်ထားတဲ့ ကြက်ဥမုန့်တစ်ဘူးနဲ့ မစ်ရှိတ်တစ်ဘူးကိုပါ ဝယ်လိုက်တယ်။ ဒီနေ့ ဒီကလေးတော့ နားညဥ်းရလောက်အောင်ပြုံးပျော်နေလိမ့်မယ်။

လီရှီသည် သားဖြစ်သူ၏ကျေနပ်မှုကို တွေးကာ ပစ္စည်းများယူပြီးနောက် ထွက်သွားတော့မည်ဖြစ်သော်လည်း လှည့်ကြည့်လိုက်သောအခါတွင် သူသည် အသိမိတ်ဆွေတစ်ဦးထံ လျောက်သွားခဲ့
သည်။

ဤအသိအကျွမ်းကို လီရှီမှ "အမေ" ဟုခေါ်ခဲ့သည်မှာ ကြာလှပြီဖြစ်သည်။

ထိုသူမှာတုန်ရွှမ်ရဲ့ အသွင်အပြင်နဲ့ အနည်းငယ် ဆင်တူသည်။

ဖန်းဟွေ့သည် သူ့ကိုမြင်သောအခါ အလွန်အံ့အားသင့်သွားပြီး မသေချာမှာစိုး
၍ "လီရှီလား?"

လီရှီက ဖုံးကွယ်မနေတော့ဘဲ သူမအား နှုတ်ဆက်လိုက်ရုံသာရှိတယ် "မင်္ဂလာပါ အန်တီဖန်း၊ မတွေ့တာအတော်ကြာပြီ" လို့ ပြောလိုက်တယ်။

အစားထိုးအိမ်ထောင်ရေး(MM Translation){Completed}Where stories live. Discover now