Chapter(11)

4.2K 613 19
                                    

《ရွှေအိမ်လေးမှာ ဝှက်ထားတယ်》

Unicode

ကျန်းကျွင်း၏စကားကိုကြားလိုက်ရပြီးနောက် ရှဲ့ရွှယ်ရှင်သည် ထိုနေ့တွင်ပင်
အလျင်အမြန် စုံစမ်းစစ်ဆေးရန် တစ်စုံတစ်ဦးကိုစေလွှတ်ခဲ့သည်။ ကျန်းကျွင်း၏ "တိုင်းပြည်အတွင်းအလှည့်
အပြောင်းများ" ဟူသောစာကြောင်းက သူ့ကိုသတိပေးခဲ့ပြီး စုံစမ်းစစ်ဆေးမှု
နယ်ပယ်ကိုအတည်ပြုနိုင်ခဲ့တာကြောင့်
အရာအားလုံးကို ပိုမိုရိုးရှင်းလွယ်ကူစေခဲ့
သည်။ မကြာခင်မှာပဲ နောက်နေ့တွင် ရလဒ်ကို ရရှိခဲ့တယ်။ 

ရှန်းဟန်သည် "လီရှီက လွန်ခဲ့တဲ့သုံးနှစ်က
တားမြစ်ပိတ်ပင်ထားတဲ့ ကုမ္ပဏီကြီးတွေရဲ့
စာရင်းမှာ အကန့်အသတ်မရှိ ပါဝင်ခဲ့ပါ
တယ်" 

ရှဲ့ရွှယ်ရှင်ရဲ့ မျက်လုံးများကမှုန်ကုတ်ကုတ်
နဲ့"တုန်မိသားစုကအဲ့ဒါကိုလုပ်ခဲ့တာလား?"
သူတို့မလုပ်လောက်ဘူးမလား၊ ဒါပေမဲ့ အဖြေက အဆင်သင့်ဖြစ်နေပြီ။

ရှန်းဟန်က ခေါင်းညိတ်လိုက်ပြီး "တုန်မင်းကန် ကိုယ်တိုင်ဆက်သွယ်ပြီးပို့လိုက်တာပါ" 

ရှဲ့ရွှယ်ရှင်မျက်မှောင်ကြုတ်ပြီး "လီရှီက ဒီနှစ်တွေအတွင်း ဘယ်လိုနေထိုင်ခဲ့တာလဲ?"

"သူ့အလုပ်ရာဇဝင်မှာ သူက အွန်လိုင်း
စာရေးဆရာတစ်ယောက်ဖြစ်တယ်လို့ ရေး
ထားတယ်"

ဝတ္ထုတွေရေးပြီး ငွေရှာတာလား?
ပိုက်ဆံအများကြီးမရလောက်ဘူးထင်တယ်၊ မိသားစုကိုထောက်ပံ့နိုင်ဖို့အတွက် အလုပ်မရှာဘူးလား။ 

ရှဲ့ရွှယ်ရှင်က "သူ့ဝတ္ထုကို ရှာကြည့်ရ
အောင်" လို့ ပြောလိုက်တယ်။

ရှန်းဟန်က သူ့စာရေးဆရာနာမည်ကို မေးလာတဲ့အခါ လီရှီကလန့်သွားတယ်။ သူ့ရဲ့ပထမဆုံးတုံ့ပြန်ချက်ကတော့ Snow က ၀န်ထမ်းတွေကို ပိုက်ဆံအပိုမရှာဖို့ တားမြစ်ထားတာလား။ သူ ရှန်းဟန်ကို စိတ်လှုပ်ရှားစွာ မေးလိုက်တော့ ရှန်းဟန်က "မင်းရဲ့ကိုယ်ရေးရာဇဝင်ရဲ့ အချက်အလက်တစ်ချို့က မပြည့်မစုံဖြစ်
နေသေးတယ်။ အဆင်ပြေပါတယ်။ မင်းစိတ်လျှော့ပြီး အေးအေးဆေးဆေး
ဆက်ရေးရပါတယ်" 

အစားထိုးအိမ်ထောင်ရေး(MM Translation){Completed}Where stories live. Discover now