Chapter(8)

4.6K 650 23
                                    

《မူးလဲခြင်း》

Unicode

လီရှီသည် လေလံပွဲကျင်းပရာနေရာတွင် ရှူဟွေ့ယွမ်ကို တကယ်မြင်ခဲ့ရသည်။ 

ရှူဟွေ့ယွမ်က သူတို့ကို အဝေးကနေ မြင်ပြီး နှုတ်ဆက်ဖို့ ချက်ခြင်း ရောက်လာ
တယ်။ အင်အားအရပြောရရင် Snow က သူ့ရဲ့ အကြီးမားဆုံး ပြိုင်ဘက်ပဲ။ 

"မစ္စတာရှဲ့၊ မစ္စတာလီ၊ ငါအဝေးကနေ
ကြည့်လိုက်တော့ မင်းတို့မှန်းသိတယ်" 

"ရှုရှောင်က ခရိုင်သစ်မှာ မြေကွက် လိုချင်တာလား" 

ရှူဟွေ့ယွမ်က ပြုံးပြီး "လူတိုင်း ကောင်းတဲ့
အရာကို လိုချင်ကြတယ်၊ ငါလည်းအတူတူ
ပျော်ပျော်ပါးပါးပါ၀င်မယ်။ ဒါက အသက်ဝင်တဲ့ ပွဲတစ်ခုပဲ။" 

"ဒါဆို ငါတို့က ပြိုင်ဖက်တွေပဲ" ရှဲ့ရွှယ်ရှင်
က လီရှီကိုကြည့်ကာ၊ မင်းက အခု ငါ့လက်အောက်မှာ ရှိနေပြီ၊ အဟောင်းကို
စွန့်လွှတ်ပြီး အသစ်ကိုနှစ်သက်သူတိုင်း ကိုယ့်ကိုကိုယ် ကာကွယ်ဖို့စဥ်းစားမှာပဲ။ 

လီရှီက နားမလည်နိုင်စွာဖြင့် ကြည့်လိုက်
သည် ။သူ ရှူဟွေ့ယွမ်ကို ပြုံးပြလိုက်ပြီး သူစကားပြန်မပြောမီရှဲ့ရွှယ်ရှင်ကထွက်သွားတာကြောင့် အလျင်အမြန်လိုက်သွား
ခဲ့ရသည်။     

Snow၏ကိုယ်စားလှယ်ထိုင်ခုံသည် ပထမတန်းတွင်ရှိပြီး ရှဲ့ရွှယ်ရှင်က အလယ်တွင်ထိုင်လိုက်သည်။ လီရှီသည် ရှန်းဟန်၏ဘေးတွင်ထိုင်ကာ ရှန်းဟန်နှင့်  ရှဲ့ရွှယ်ရှင်တို့ကို အတူတူထိုင်ခွင့်ပေးလိုက်
သည်။ သို့သော် ရှန်းဟန်သည် မစဉ်းစား
ဘဲ သူ့ထိုင်မည့်ထိုင်ခုံတွင် ထိုင်လိုက်တာ ကြောင့် ရှန်းဟန်နှင့် ရှဲ့ရွှယ်ရှင်ကြားတွင် ထိုင်ခုံအလွတ်တစ်ခုရှိသွားသည်။     

လီရှီရှက်သွားတယ်။လက်ထောက်ရှန်းဟန်
က ဘာကိုဆိုလိုတာလဲ၊ သူက ရှဲ့ရွှယ်ရှင်
ရဲ့ဘေးမှာ ဘယ်တော့မှထိုင်ခွင့်ရမှာမဟုတ်
ဘူး။သူကယာယီအစေခံတစ်ယောက်ပါပဲ။ 

"လက်ထောက်ရှန်း၊ နေရာပြောင်းရ
အောင်" သူသည် ရှဲ့ရွှယ်ရှင်ဘေးတွင်
ထိုင်မနေချင်ပေ။ လက်ထောက်ရှန်းက သူ့ကိုမော့ကြည့်ပြီး ပြုံး၍ပြောလိုက်တယ် "ထိုင်၊ ဒါကမင်းနေရာပဲ"

အစားထိုးအိမ်ထောင်ရေး(MM Translation){Completed}Where stories live. Discover now