Chapter(15)

3.8K 530 8
                                    

《ဒါကဘာလဲ၊ သူကမှ စစ်မှန်တဲ့သခင်လေ》

Unicode

တုန်ရွှမ်သည် လက်သီးများကို ဆုပ်ထားပြီး ရှဲ့ရွှယ်ရှင်သည် လီရှီဆီသို့ တစ်လှမ်းချင်း ရွေ့လျားသွားသည်ကို ကြည့်ရင်း၊ သူသည် ရှဲ့ရွှယ်ရှင်ကို တဖြည်းဖြည်း ဆုံးရှုံးသွား
သလိုမျိုးခံစားရတယ်၊ သူ၏ခေါ်ဆိုမှုကို လုံးဝ နားမထောင်ခဲ့၍ သူ့ကို ဒေါသထွက်ကာ ထိန့်လန့်စေသည်။ 

ဒါကဘာလဲ၊ သူကမှတကယ့်သခင်အစစ်လေ။ 

ဖျောက်၊ဖျောက်... လီရှီသည် ပြင်းထန်ကျယ်လောင်သော "ဖျောက်"ဆို တဲ့ အသံထွက်ပေါ်လာသည်နှင့်တပြိုင်နက် မတ်မတ်မရပ်နိုင်ဘဲယိုင်လဲလုနီးပါးဖြစ်သွားသော်လည်း ကံကောင်းထောက်မစွာနဲ့ တစ်စုံတစ်ယောက်က သူ့ကို လှမ်းဖမ်းပေးလိုက်သည်။ 

ထိတ်လန့်တကြားနဲ့ မျက်လုံးဖွင့်ကြည့်
လိုက်တော့ ဘယ်သူလဲဆိုတာ မမြင်ရသေးခင်မှာပဲ သူ့လက်ထဲက ကွန်ပြူတာကို ရုတ်တရက် ဆွဲထုတ်လိုက်ပြီး ပစ်ချလိုက်တယ်။ 

"ဗွမ်း" ဟူသော အသံနှင့်အတူ တစ်စစီ ပြန့်ကျဲသွားသည်။ 

တုန်ရွှမ်၏ အင်္ကျီကိုလည်း လွှင့်ပစ်ခဲ့ပြီး ၄င်းသည် ရေစီးကြောင်းအတိုင်း စီးဆင်း
သွားကာ ရိုးရှင်းစွာ စွန့်ပစ်ခံခဲ့ရသည်။ 

တုန်ရွှမ်က ပြုတ်ကျနေတဲ့ အင်္ကျီကို ကြည့်ရင်း သွားတွေကြိတ်ကာ မျက်လုံးတွေ ပူလာသည်။ 

"သွားတော့!" ရှဲ့ရွှယ်ရှင်သည် လီရှီ၏
လက်ကိုဆွဲကိုင်လိုက်ပြီး လီရှီကိုကြိမ်ကြိုး
ပေါ်တက်ခွင့်ပြုလိုက်သည်၊ကြိမ်ကြိုးသည် အနည်းငယ်မာကျောနေသေးသော်လည်း မိုးဒဏ်ကြောင့် ကြိုးသည် မျှော်လင့်ချက်မဲ့
စွာ ဆတ်ဆတ်ထိမခံဖြစ်နေသည်။ 

ဒီအချိန်မှာ နှစ်ယောက်သား လှည့်ပြီး တစ်ဖက်ကို မသွားတော့ဘဲ နောက်ကိုသာ ပြန်လျှောက်သွားလိုက်တယ်။ လျှော်ကြိုးပျတ်ခြင်းသည် အခြားတစ်ဖက်ကဲ့သို့ မဆိုးရွားသဖြင့် ၎င်းသည်ပို၍လုံခြုံသည်။ 

ရှဲ့ရွှယ်ရှင်ကဒေါသတွေထွက်နေပြီး သူအဲ့ဒီမှာသာဆက်နေမယ်ဆိုရင် ပြုတ်ကျသွားနိုင်တယ်၊ ပြီးတော့ သူဘဝဆက်လက်ရှင်သန်ဖို့ အချိုးအကွေ့တွေ အများကြီးရှိနေပါသေးတယ်။ မင်းလွှတ်ချချင်ရင်လွှတ်ချလိုက်လို့ရတာကို ရှင်သန်ဖို့က အရေးကြီးဆုံးပဲ။ အကြောက်တရားကြီးစိုးသွားအောင် မျက်စိစုံမှိတ်ပြီးနေနေလို့မရဘူး။ 

အစားထိုးအိမ်ထောင်ရေး(MM Translation){Completed}Where stories live. Discover now