Ch-1.1

1.5K 143 4
                                    

Ch-1.1

ကျားရှန်းပုဂ္ဂလိကဆေးရုံတွင်။

ဓာတ်လှေကားက 19 ထပ်မှာ ရပ်သွားပြီး အသံမြည်လာပြီးနောက် ဓာတ်လှေကားတံခါးပွင့်လာခဲ့သည်။ အထဲမှ လက်သေးသေးလေး အပြင်ကိုထွက်လာသည်။

၈နှစ် သို့မဟုတ် ၉နှစ်အရွယ်ကောင်လေးမှာ အနက်ရောင်အကျီ၊မျက်နှာဖုံး ကိုတပ်ဆင်ထားကာ ဘောင်းဘီအိတ်ကပ်ထဲ လက်နှစ်ဖက်ထည့်၍ ခေါင်းငုံ့ထားပြီး သူနာပြု၏အခန်းကိုဖြတ်၍ လူနာခန်းအတွင်းသို့ တိုက်ရိုက် လျှောက်လာသည်။

ကောင်လေးက အခန်းနံပါတ်- ၁၉၂၁၏တံခါးရှေ့မှာ ရပ်လိုက်ပြီး နံပါတ်ပြားကို မော့ကြည့်လိုက်ပြီးနောက် တံခါးကို သတိထား ဖွင့်ကာ ဝင်လာခဲ့သည်။

ဤအခန်းသည် အလွန်ကျယ်ပြီး တိတ်ဆိတ်သော VIP အခန်းဖြစ်သည်။

ကောင်လေး တံခါးကိုပိတ်ပြီး ပေါ့ပေါ့ပါးပါး လျှောက်လာသောအခါ စက်တွေ ပတ်ပတ်လည်ရှိ ဆေးရုံကုတင်တစ်လုံးကို တွေ့လိုက်ရသည်။

ကောင်လေးက ကုတင်နဲ့နီးချင်ပေမယ့် တစ်ခုခုကို တွေးနေပုံရပြီး နီးဖို့ တုံ့ဆိုင်းနေသည်။

အချိန်အတော်ကြာပြီးနောက် ကောင်လေးက သူ့မျက်နှာဖုံးကို ချွတ်၍ 'မား' ဟု တီးတိုးအော်ခေါ်လိုက်သည်။

ဆေးရုံကုတင်ပေါ်မှာ ရက်အတော်ကြာ မနိုးသေးသောကျန်းချာ၏မျက်ဝန်း ရုတ်တရက် ပွင့်လာသည်။ မမြင်နိုင်ပေမဲ့ သူမ၏မျက်ဝန်း အလွန်မှုန်ဝါးနေသည်။

မိခင်နှင့်ကလေးကြားတွင်ရှိ တယ်လီပသီ(အဆက်အသွယ်) ဟု ပြောရပေမည်။ ကျန်းချာ သည် ရောက်လာသောသူ ကို ရှင်းရှင်းလင်းလင်းမမြင်သော်လည်း "ရှောင်းရှီ ?" ဟု တိုးတိုးလေးခေါ်လိုက်မိသည်။

ကျန်းချာ၏အသံကို ကြားလိုက်သောအခါတွင်ပင် ရှန်းရှီ၏မျက်ဝန်းမှ မျက်ရည်များ စီးကျလာသည်။

ရှန်းရှီ က ခြေလှမ်းသုံးလှမ်းနဲ့နှစ်လှမ်းလှမ်းပြီး ကျန်းချာ ရဲ့ အိပ်ယာပေါ် ပြေးလာကာ ကျန်းချာ ရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး ငိုယိုသည်။ "မား က.. သေတော့မယ်လို့ သူတို့ကပြောတယ်.... မသေစေချင်ဘူး မား .. သားကို ကတိပေး.. မသေရဘူးနော်.. ဟုတ်ပြီလား?"

ပြန်လည်မွေးဖွားပြီးနောက် ငါ့ကလေး ကို ပြုစုပျိုးထောင်ဖို့ပဲ ဂရုစိုက်ချင်တော့တယ်။Where stories live. Discover now