Ch-2.2

727 93 2
                                    


Ch-2.2

A- ကြောက်စရာကြီး.. ငါ ဘာဖြစ်လိုက်တာလဲ? မစ်စတာရှန်း က သူ့အင်္ကျီကို ချွတ်ပြီး ဒုဥက္ကဌကျန်း ပေါ် တင်လိုက်တယ်။

C&D: ? ? ? ? ?

B- နေ့ခင်းဘက် လက်ဖက်ရည်တခွက်ကြေး.. ဒုဥက္ကဌကျန်း လက်ခံလိမ့်မယ်..

A: လောင်းဖို့ မလိုပါဘူး၊ငါလည်း ဒီလိုပဲထင်တယ်_(:з'∠)_

လူတွေက တကယ်ကို စူးစမ်းလိုစိတ်ရှိတဲ့ သတ္တဝါတွေဖြစ်ပြီး နှစ်ယောက်က ရှန်းရန်နဲ့ကျန်းချာ တို့ အနောက်ကလိုက်လာခဲ့ကြသည်။

ဘာပဲဖြစ်ဖြစ်...သူတို့လည်း ကားလာယူတာပဲလေ....

ကျန်းချာ သည် သူ့စိတ်ထဲတွင် ထူးဆန်းသလို ခံစားလာရပြီး ရှန်းရန် ဤကဲ့သို့ ပြုမူခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

အံ့သြစရာကောင်းတာက ရှန်းရန် ဟာ ရှေ့ခရီးသည်ထိုင်ခုံတံခါးကိုဖွင့်၍ ကျန်းချာနဲ့အတူ ထိုင်လိုက်သည်။

တစ်ဦးက လျှို့ဝှက်ဓာတ်ပုံရိုက်ပြီး အဖွဲ့ငယ်လေးထံ ပေးပို့ခဲ့သည်။

A: အမှန်တရား။

ရှန်းရန် မှာ လူနှစ်ယောက်ကို သတိပြုမိသော်လည်း ဂရုမစိုက်ပေ။

ကားက ကားပါကင်ကနေ တောက်လျှောက်မောင်းလာခဲ့သည်။ ရှန်းရန် သည် ကားကို အရှိန်အဟုန်ပြင်းစွာ မောင်းနှင်လာခဲ့သည်။ လမ်းမကြီးပေါ် ရောက်သည်နှင့် မီးနီကို စောင့်ရင်း လေအေးပေးစက်ကို ဖွင့်လိုက်သည်။

"အခု ကိုယ်တို့နှစ်ယောက်ပဲရှိတယ် ကိုယ် မင်းကို မေးခွန်းနည်းနည်း မေးလို့ရမလား"

ကျန်းချာ ခေါင်းညိတ်လိုက်သည်။ "မေးပါ"

ရှန်းရန် က သေချာပေါက် မေးမယ်ဆိုတာ သူမ ရှင်းရှင်းလင်းလင်း သိသည်။

ပြောရလျှင် သူမနဲ့ရှန်းရန် တို့ဟာ ယခုလို ထိတ်လန့်စရာ အခြေအနေမျိုး တစ်ခါမှ မရှိခဲ့ဘူးပါ။

"ရှောင်းရှီ အတွက် စိတ်ပူလို့လား?"

"ဘာလို့လဲ? အိမ်မှာ ကလေးထိန်းတစ်ယောက်ရှိနေတာပဲ၊ဘာလို့ အကြောင်းပြချက်မရှိဘဲ စိတ်ပူနေရတာလဲ"

ကျန်းချာမှာ လက်သီးတင်းတင်းဆုပ်ထားမိသည်။

နိုးလာချိန် သားဖြစ်သူကို ချက်ချင်းတွေ့ချင်ခဲ့တာလေ.. အရင်ဘဝတုန်းကနေထိုင်ခဲ့သည်ကို နောင်တရမိသည်။

သို့သော် ၂၃ လွှာက ဆင်းလာပြီးနောက် ကျန်းချာ မှာ တည်ငြိမ်လို့နေသည်။

သူမသေဆုံးချိန်တွင် ရှန်းရှီ ပြောခဲ့သည့်စကားကို သတိရမိသည်။

"ရှီရှီ က အတန်းတက်တယ်.. အဒေါ်ကျောင်းပြောတာကို နားထောင်တယ်.. ဘေဘီ လုံးဝ ဇီဇာမကြောင်တော့ဘူး.."

ဘာလို့လဲ? သူသေတော့မှာပဲ၊သူ့သားက အဒေါ်ကျန်းအကြောင်း ဘာလို့ပြောနေသေးတာလဲ? မင်းက ဘယ်တော့မှ ဇီဇာကြောင်သူမဟုတ်တော့ဘူးလို့ ဘာလို့ပြောတာလဲ?

သူမ၏နောက်ဆုံးဘဝတွင် သေဆုံးသွားသောအခါ ရှန်းရှီ သည် မူလတန်းကျောင်းတက်နေကာ ၈နှစ်ရှိနေပြီဖြစ်သည်။

ကလေးထိန်း၏ပြုစုပျိုးထောင်ခြင်းခံရသည့်အတွက် ကလေးထိန်းနဲ့နက်ရှိုင်းတဲ့ ဆက်ဆံရေးရှိတယ်ဆိုရင်တောင် ဒီအချိန်မှာ ဒီစကားမပြောသင့်ဘူးမလား? မင်းက ဘာလို့ ဇီဇာကြောင်လို့မရရမှာလဲ?

"ဘယ်လိုပြောရမှန်းမသိဘူး"

"အင်း။" ကျန်းချာ မှ "အဆင်ပြေပါတယ်၊ကျွန်မ ပြောလိုက်ရင် ရှင် ရယ်မှာ စိုးမိတယ်.."

"ကိုယ် မင်းကိုဘယ်တော့မှမရယ်ဘူး"

"ကျွန်မ ... ရှောင်းရှီ မှာ တစ်ခုခု ဖြစ်သွားတယ်လို့ အိပ်မက်မက်ခဲ့တယ်"

"အိပ်မက်တစ်ခုကြောင့်လား?" ရှန်းရန် အံ့သြသွားသည်။ " ဒါ မင်းနဲ့မတူဘူး"

"ကျွန်မ .. သိတယ်။" ကျန်းချာ သည် ယခင်က ကျန်းချာ ကဲ့သို့မဟုတ်တော့ပါ။ မှန်ပြတင်းပေါက်ဆီသို့ ကြည့်ရင်း တိုးတိုးလေးပြောလိုက်သည်။ "ကျွန်မလည်း အရင်နဲ့မတူတော့ဘူးလို့ ထင်မိတယ်..."

ရှန်းရန်၏မျက်ဝန်းပြူးကျယ်သွားသည်။ "စိတ်မပူနဲ့... မင်းရဲ့ခံစားချက်တွေထိန်းထားဦး... ရှောင်းရှီ ဘာမှမဖြစ်ဘူး စိတ်မပူနဲ့"

"ကောင်းပြီ။"

ပြန်လည်မွေးဖွားပြီးနောက် ငါ့ကလေး ကို ပြုစုပျိုးထောင်ဖို့ပဲ ဂရုစိုက်ချင်တော့တယ်။Where stories live. Discover now