Ch-3.3

497 70 1
                                    

Ch-3.3

ကျောင်းရင်၏လက်ဖဝါးတွင် ချွေးများစီးကျကာ စကားရပ်သွားကာ ချေပရန် စကားလုံးရှာမတွေ့ပေ။

သူမ အမှန်တကယ်ပင် ဒီဘဝကို စွဲလန်းနေခဲ့သည်။

အစပိုင်းတွင် သူမသည် မိသားစုကို ပြုစုပျိုးထောင်ရန် ငွေရှာရန် ကလေးထိန်းအဖြစ် လုပ်ကိုင်ခဲ့သော်လည်း လူတွေနှင့်ပိုတွေ့လာလေလေ မနာလိုပိုဖြစ်လာခဲ့သည်။

ချမ်းသာသောအိမ်ရှင်မတွေက ဘာမှလုပ်စရာ မလိုဘဲ အားလုံးကို ကလေးထိန်းပဲ လုပ်ကြသည်။

စိတ်ကောင်းရင် ကလေးကို ပွေ့ဖက်ပြီး စိတ်ကဆိုးတဲ့အခါ ကလေးကို မတွေ့ကြဘူး။

နေ့တိုင်း စျေးဝယ်ထွက်ပြီး ပိုက်ဆံဖြုန်းတယ်။ အလှပြင်ဆိုင်သွား၊ကိုယ့်ကိုယ်ကို ဂရုစိုက်ကြတယ်။

ကျောင်းရင် မနာလိုဖြစ်နေခဲ့သည်။

သခင်မလေးအချို့က သူမအား အဝတ်အစားအချို့ပေးခဲ့သည်။ ကျောင်းရင်သည် သပ်သပ်ရပ်ရပ်ဖြစ်နေလျှင် ကလေးထိန်းနှင့်မတူတော့ဟု စဥ်းစားခဲ့သည်။ ရှန်းအိမ်သို့ ကလေးထိန်းအဖြစ် လာခြင်းသည် ကျောင်းရင်၏ကလေးထိန်းအလုပ်အတွက် အလွယ်ကူဆုံးနေ့ဖြစ်သည်။

ဂရုစိုက်ရမယ့် ရှန်းရှီ ကလွဲရင် ဘာကိုမှ ဂရုစိုက်ဖို့မလိုပါ။

ရှန်းရန် နှင့် ကျန်းချာ တို့သည် အိမ်တွင် မကြာခဏမရှိကြပေ။ ရံဖန်ရံခါ သူမ စိတ်ဆိုး၍ ရှန်းရှီ ကို နှစ်ကြိမ်တိုင်တိုင် ရိုက်နှက်ခဲ့သည်။ နောက်တော့ သူမ အချိန်အတော်ကြာ စိတ်ပူနေခဲ့ပြီး ဘယ်သူမှ ပြသာနာလာမရှာသောကြောင့် ပိုရဲရင့်လာခဲ့သည်။

ဒီနေ့တော့ ရှန်းရှီ မကြိုက်သော ကြက်သွန်ဖြူကို ပန်းကန်ထဲထည့်ထားတာကြောင့် ရှန်းရှီ က စားဖို့ငြင်းဆန်နေခဲ့သည်။

ကျောင်းရင်နှင့် ပတ်သက်၍ ကျန်းချာ၏ခွဲခြမ်းစိတ်ဖြာမှုသည် 90% နီးပါးထပ်တူကျနေကာ ကျောင်းရင်တွင် ပြောစရာမရှိပေ။

ဝင်ပေါက်၌ ခေါင်းလောင်းသံ မြည်လာသည်။

ရှန်းရန် မတ်တပ်ထရပ်၍ ဗီဒီယိုဖန်သားပြင်ကို ကြည့်လိုက်သည်။ ရဲတွေရောက်လာသည်။

တံခါးဝင်ခွင့်ပြုပြီးနောက် ဓာတ်လှေကားကတ်ကို ယူ၍ ရှန်းရန် ထွက်သွားသည်။

"မစ္စကျန်း.. ငါတို့ သီးသန့်ညှိနှိုင်းကြမလား? နင် ရဲခေါ်ရင် ငါ ဒီအလုပ်ဆက်လုပ်နိုင်မှာမဟုတ်ဘူး.."

ကျန်းချာ က ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ " နင့်လုပ်ရပ် ကို အရင်ကတည်းက သိသင့်တယ်"

"မစ္စကျန်း!" ကျောင်းရင် လက်မလျှော့ပေ။

ကျန်းချာ မတ်တပ်ထရပ်၍ " တစ်ခုခုရှိရင် ရဲကို သွားပြောချည်.. "

ကျောင်းရင် တစ်ယောက် ကြမ်းပြင်ပေါ် ထိုင်ချလိုက်လေသည်။

ရဲတွေ ဝင်လာကာ ရှန်းရန် သည် ကျန်းချာကို စကားပြောခိုင်းခဲ့သည်။ထို့နောက် လက်ပေါ် လက်ထိပ်ရှိနေသည့်ချိန် ကျောင်းရင် မှာ ဇဝေဇဝါဖြစ်နေသည်။

"ကျောင်းရင်" ကျန်းချာ အော်ပြောလိုက်သည်။ "နင် လုပ်ခဲ့တာကို အမှန်တိုင်းပြောလိုက်တာအကောင်းဆုံးပဲ .. လူတိုင်းလည်း စွမ်းအားကိုချွေတာနိုင်မယ်လေ.."

ကျောင်းရင် ပါးစပ်ကိုဖွင့်သော်ငြား ဘာမှမပြောဖြစ်ခဲ့ပါ။

ရှန်းရန် က ရဲတွေကို ပြန်ပို့ပေးခဲ့ပြီး အောက်ထပ်သို့ အလျင်အမြန်ရောက်ရှိလာသည့် ရှန်းမိသားစုက လူအိုကြီးလင်မယားကို လက်ခံတွေ့ဆုံခဲ့သည်။

" တစ်ခုခု ရှိရင် အပေါ် ရောက်မှ ပြောတော့..."

ကျန်းချာ က ကော်ဖီစားပွဲနဲ့မြေပြင်ပေါ်က အရာတွေကို သန့်ရှင်းရေးလုပ်သည်။ ရဲတွေက ၎င်းတို့ကို ဓာတ်ပုံရိုက်ထားပြီးဖြစ်လို့ သဘာဝကျစွာ ပြန်လည်သန့်ရှင်းရေးလုပ်ရမည်ဖြစ်သည်။

"ကျန်းချာ" ရှန်းရန် တိုးတိုးလေးပြောလိုက်သည်။ "ကိုယ့်မိဘတွေရောက်နေတယ်.."

ကျန်းချာ ခေါင်းညိတ်၍ မတ်တပ်ထရပ်လိုက်သည်။ "ပါးနဲ့မား ရောက်လာကြပြီပဲ..."

အမေရှန်း သည် ကျန်းချာ ဆီသို့ အမြန်လျှောက်လာကာ သူမကို ကြည့်သည်။

ကျန်းချာ က သူ့ကိုကြည့်တယ်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် အမေရှန်း ကျန်းချာ ကို ပွေ့ဖက်၍ ပြောလိုက်သည်။ "အဆင်ပြေသွားပြီနော်"

ပြန်လည်မွေးဖွားပြီးနောက် ငါ့ကလေး ကို ပြုစုပျိုးထောင်ဖို့ပဲ ဂရုစိုက်ချင်တော့တယ်။Where stories live. Discover now