Ch-2.3

515 77 1
                                    



Ch-2.3

လန်ဝမ် ခရိုင်သည် ကျားရှန်းမှ ကားဖြင့် မိနစ် 20မျှ ကွာဝေးသည်။ ဒီနေ့ ရှန်းရန် ကားကိုနည်းနည်းမြန်မြန်မောင်းနှင်ခဲ့သည်။ ၁၂မိနစ် ၁၃မိနစ်အတွင်း ရောက်ရှိလာခဲ့သည်။

ဒီအချိန်တွင် ဝင်းထဲ၌ အခြေခံအားဖြင့် ကားမရှိသဖြင့် ၎င်းတို့နှစ်ဦး ရောက်ဖို့ မိနစ်အနည်းငယ်သာကြာသည်။

ကတ်ကို ပွတ်ဆွဲပြီးနောက် ဓါတ်လှေကားသည် အထပ် ၂၀ သို့ တက်လာခဲ့သည်။

ကျန်းချာ သည် သူမရဲ့ ဒေါက်မြင့်ဖိနပ်ကို ချွတ်၍ လက်ဖြင့်ကိုင်ထားသည်။

ရှန်းရန် သည် အကြောင်းရင်းကို မသိသော်လည်း ကျန်းချာ၏နောက်မှ တိတ်တဆိတ်လိုက်လာခဲ့သည်။

ကျန်းချာ သည် အတွင်းမှ လှုပ်ရှားမှုကို နားထောင်ရင်း တံခါးဆီသို့ နားရွက်ကပ်၍ နားထောင်ကြည့်သည်။ အရမ်းတိတ်ဆိတ်နေသည်။

အစပိုင်း အိမ်အလှဆင်ရာတွင် အကောင်းဆုံးပစ္စည်းများကို အသုံးပြုခဲ့ကြပြီး အသံစကာများမှာလည်း အလွန်ကောင်းမွန်သည်။

ကျန်းချာ တိတ်တဆိတ်ရယ်မိသည်။ အတွင်းထဲက အသံကို သူမ ဘယ်လို ကြားနိုင်မှာလဲ။

ကျန်းချာ ဖိနပ်ချွတ်၍ ပြန်ဝတ်ကာ တံခါးဖွင့်တော့မည့်အချိန် အိမ်က တစ်ခုခု ပြုတ်ကျသံကြားလိုက်ရသည်။

ကျန်းချာ၏လက်ချောင်းများ တံခါးပေါ်ရှိ လက်ဗွေရာစက်မှ တစ်စင်တီမီတာအောက်သာရှိတော့သည်။

ထိုအချိန်တွင် ရှန်းရန် မှာ တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိလိုက်သည်။နှစ်ယောက်သား အသက်ရူအောင့်ထားကာ အတွင်းခန်းလှုပ်ရှားမှုကို နားထောင်နေကြသည်။

"စားမှာလား? မစားဘူးလား?"

"ကလေး ငါ မင်းကိုပြောနေတယ်နော်.. အခု မစားရင် မင်းဘယ်မှ မသွားရဘူး"

"စားမယ်! သားကိုပေး!"

ကျန်းချာမှာ လက်သီးတင်းတင်းဆုပ်ထားပြီး ရှန်းရန်၏အမူအရာမှာလည်း အလွန်လေးနက်လာသည်။

ကျန်းချာ မှာ ထိုကလေးထိန်းကို ၂ နှစ်ကြာ ထားပြီးနောက် ထိုကဲ့သို့ အကျင့်မကောင်းသူဖြစ်နေလိမ့်မည်ဟု အမှန်တကယ်ပင် မမျှော်လင့်ခဲ့ပေ။ သူ့သားကို အနိုင်ကျင့်နေတာလား?

ကလေးထိန်း၏ဒေါသသံနှင့်အတူ ရှန်းရှီ၏ငိုသံလည်း ရှိခဲ့သည်။

သို့သော်လေသံမပျောက်သွားခင် ငိုသံက ၂ကြိမ်ပဲ ထွက်လာခဲ့သည်။

ကျန်းချာ သည် တုံ့ဆိုင်းမနေတော့ဘဲ လက်ဗွေနှိပ်ကာ တံခါးကို တိုက်ရိုက်ဖွင့်လိုက်သည်။

ကလေးထိန်းမှာ ဒေါသအရမ်းထွက်နေသောကြောင့် တံခါးမှအသံကိုမကြားရသလို တစ်စုံတစ်ယောက် ဝင်လာသည်ကိုလည်း မသိပါ။

ကလေးထိန်း သည် ကျန်းချာနဲ့ရှန်းရန် တို့ဘက်နှင့်နောက်ကျောပေးရှိနေသည်။ စားစရာတွေအများကြီး ကြမ်းပြင်နှင့် ကော်ဖီစားပွဲပေါ် ရှိနေကြသည်။

ကလေးထိန်းသည် ကြမ်းပြင်သို့ ပြုတ်ကျလာသော အစားအစာများကို ကောက်ယူ၍ ပန်းကန်လုံးထဲသို့ ပစ်ချကာ အနည်းငယ် ယူ၍ ရှန်းရှီ၏ပါးစပ်ထဲသို့ ထည့်လိုက်သည်။

ရှန်းရှီလေးမှာ ကလေးထိန်း၏ဖိအားပေးအစာကျွေးခြင်းကြောင့် ပလုတ်ပလောင်းဖြစ်နေကာ မျက်နှာရဲတက်နေသည်။

ကျန်းချာ မှာ အသက်ရူမဝတော့သလိုဖြစ်သွားတော့သည်။

"မင်း ဘာလုပ်လိုက်တာလဲ!"

ကလေးထိန်းသည် ထိတ်လန့်သွားပြီး ခြေမကိုက်မိ လက်မကိုင်မိဖြစ်ကာ '

ဗုန်းခနဲ' အသံနှင့်အတူ ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။

ကလေးထိန်း အံ့အားသင့်သွားသည်။ "မစ္စကျန်း... ကျန်း"

ကျန်းချာ သည် သူမနှင့် ရိုင်းစိုင်းသော စကားများ ပြောရန် အချိန်မရှိသဖြင့် ရှန်းရှီ ကို ချီကာ ပါးစပ်ထဲရှိ ပစ္စည်းအားလုံးကို ဆွဲထုတ်လိုက်သည်။

ရှန်းရှီမှာ 'ဝါး'ခနဲ အော်ငိုတော့သည်။

ပြန်လည်မွေးဖွားပြီးနောက် ငါ့ကလေး ကို ပြုစုပျိုးထောင်ဖို့ပဲ ဂရုစိုက်ချင်တော့တယ်။Where stories live. Discover now